"နင် တကယ်ကြီး position ချိန်းမလို့လား"
"ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ ပြည်တွင်းကပြည်ပလောက်တော့ ဝင်ငွေမကောင်းဘူးဆိုပေမဲ့လို့ ငါတို့နှစ်ယောက်ထဲအတွက်ကတော့ လုံလောက်ရုံထက်တောင်ပိုနေပါသေးတယ်"
"နှမြောစရာပဲ..ကွာခြားလွန်းတဲ့ လစာတွေရော အခွင့်အရေးတွေရောကို မိန်းမတစ်ယောက်အတွက်နဲ့စွန့်လွှတ်တယ်ဆိုတော့"
"တော်စမ်းပါဟာ...ဇာတ်ကားထဲကစာကြောင်းတွေငါ့ကို လာရွတ်ပြမနေနဲ့ ..ပြီးတော့ ဘယ်အရာမှမမြဲဘူးဆိုတာ နင်သိတယ်မလား.. အဲ့ဒါကြောင့် ပိုင်ဆိုင်မှုလို့ပြောတဲ့အခါ စည်းစိမ်ဥစ္စာငွေကြေးတွေထက် အနားမှာရှိတဲ့သူ့ကို တစ်ချက်ငဲ့ကြည့်မယ်..ဒါကလုံလောက်တာထက်ကိုပိုနေပါပြီ"
"နင်လဲ ဝတ္ထုထဲကဟာတွေလာရွတ်မပြနဲ့"
"ခစ် ခစ်..."
သျှင်းမြတ်နှင့် သရဖီ တစ်ယောက်စကားကိုတစ်ယောက် ရယ်မိကြသည်။ လေယာဉ်တက်ခါနီးမို့လို့ သရဖီနှင့်ခဏတွေ့ပြီး ကော်ဖီသောက်ကြရင်းကနေ အကြောင်းအရာအချို့ကိုပြောပြမိတာပင်။
"အဲ့တော့ နင်က ဒီတစ်ခေါက်ပြီးရင် ပြည်ပလိုင်းစာချုပ်ကို ရပ်လိုက်တော့မှာပေါ့"
"အင်း..ဒီတစ်ခေါက်ပြီးရင် ငါတာဝန်ကျေပြီလေ။"
ဒီကြားထဲကို တစ်ပတ်ကိုတစ်ခါဖြင့် စုစုပေါင်းလေးကြိမ်ရှိပြီဆိုတော့ တစ်လလဲစေ့ပြီဖြစ်လို့ သျှင်းမြတ်အလုပ်နေရာချိန်းဖို့လဲ ပြောထားပြီးပြီဖြစ်သည်။
"ကောင်းပါတယ်..ငါတို့လဲ ပိုတွေ့ချိန်ရတာပေါ့"
"ငါကဘာလို့ နင်နဲ့တွေ့ရမှာလဲ ငုဝါကြောင့်မို့ ငါအလုပ်ချိန်းတာလေ"
"B**ch..!! ဟွန်းဟွန်း ပြောတော့မချစ်တတ်ဘူး အချစ်ကိုအယုံအကြည်မရှိဘူးဘာညာနဲ့ အခုကြတော့ မိန်းမကို မခွဲနိုင်လို့ အလုပ်ပါချိိိန်းတဲ့သူကများ အံ့ဩစရာပဲ"
"ဟား ဟား.. အချစ်ကိုမယုံပါဘူးနော်..အခုထိလည်းမယုံဘူး ငါကငါ့ကိုယ်ငါနဲ့ ငုဝါကိုပဲယုံတာ"
"အံ့ဩပါရဲ့"
-------------
လေယာဉ်ပေါ်ကနေမြင်တွေ့နေရသော တိမ်တိုက်ဖြူဖြူတွေ ကောင်းကင်ပြာပြာတွေက အခုချိန်မှာ ငုဝါကိုငေးရတာလောက် စိတ်ဝင်စားစရာမကောင်းတော့တာကို သူသိလာရသည်။
YOU ARE READING
You And I
Romansaလွတ်လပ်ပေါ့ပါးလှသော single life ကြီးကနေ ရုတ်တရတ်ကြီး ဘဝထဲကို တခြားသူကဝင်ရောက်လာသောအခါ...