အခန်း (၁၂)

5.1K 473 8
                                    

ခန္ဓာကိုယ်ကို ကြောင်လေးတွေလို ကွေးပြီး ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော နွေငုဝါကိုကြည့်ကာ သျှင်းမြတ်အသဲတွေယားလာမိသည်။ ရုတ်တရတ် ဖျတ်ခနဲကြည့်မိရင် နွေငုဝါရဲ့ပုံစံဟာ သာမန်လိုပဲ မေ့လွယ်ပျောက်လွယ်ဆိုပေမဲ့လို့ အချိန်ကြာကြာကြည့်မိလေ မလွဲဖယ်ချင်ဖြစ်ရလေပင်။ တစိမ့်စိမ့်ကြည့်လေ သူ့မျက်နှာက အစိတ်အပိုင်းတွေဟာ ပို၍လှလေပင်။

ကားက မနက်လေးနာရီလောက်မှာ မြို့ကိုဝင်လာတော့ taxi ငှါးကာ ကြိုတင် booking ချိတ်ထားသော ဟိုတယ်ကို လိုက်ပို့ခိုင်းရသည်။ မနက်လေးနာရီဆိုတော့ တော်တော်လေးလဲအိပ်ချင်နေတာဖြစ်ပြီး ဘာမှတောင်မစဉ်းစားနိုင်ပဲ နှစ်ယောက်လုံးအိပ်မောကျမိသွားကြတာ ထုံးစံအတိုင်း အရင်ဦးဆုံးနိုးသူကတော့ သျှင်းမြတ်ပင်။

နွေငုဝါနှင့်သူ ကားပေါ်မှာ တစ်ညလုံးစကားတွေပြောကြပြီး မအိပ်ဖြစ်ကြတော့ ဟိုတယ်ရောက်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေသည်။ သို့သော်လည်း သူကတော့ သဘောကျသည် နွေငုဝါက စကားတွေအများကြီးပြောတယ်ဆိုတာရှားသည်လေ။ ဒါပေမဲ့ စကားပြောတိုင်းမှာလည်း နွေငုဝါရဲ့အတွေးတွေကိုသူတကယ်သဘောကျသည်။
ငြိမ်သက်ပျင်းရိနေတဲ့ကြောင်ကလေးက အရာရာကိုကြတော့သိနေတတ်တာမျိုး။

ထသည့်အချိန်က ကိုးနာရီကျော်နေပြီမို့လို့ ဟိုတယ်ရဲ့ breakfast ကိုတောင်မှီသေးရဲ့လားမသိ။ ထိုထက်ဆိုးတာက နွေငုဝါကနှစ်နှစ်ခြိုက်ခြိုက်အိပ်တုန်းပင်။ မနှိုးရက်တော့ပဲ သျှင်းမြတ်ရေဗူးကိုသာဖောက်သောက်လိုက်ရင်း သရဖီဆီကို သူရောက်တဲ့အကြောင်း မက်ဆေ့ပို့လိုက်သည်။

စိတ်ထဲမှာလည်း နည်းနည်းလှုပ်ရှားလို့နေသည်။ သူ့အမေအကြောင်းတွေကို သရဖီဆီကို စုံစမ်းခိုင်းတာကြောင့် သတင်းတွေအစုံအလင်ရတော့မှ ဒီဒေသကို သူထွက်လာခဲ့တာပင်။

ရောက်လာပြီဆိုတော့မှ သူဘယ်လိုပုံစံမျိုးတွေ့ဆုံရမယ်ဆိုတာကို စဉ်းစား၍မရသလို ဘယ်သူလဲဟုမေးရင်ရော သူဘယ်လိုဖြေရမည်နည်း။ နည်းနည်းတော့ ကသိကအောက်ဖြစ်စရာပင်။

You And IWhere stories live. Discover now