အပိုင်း (၂၇)

9.7K 533 23
                                    

မိုးမရှိသည့်ညမှာတော့ ကောင်းကင်ဟာ ကြယ်တွေစုံလို့နေသည်။ ဟိုတယ်ရဲ့ rooftop ကနေမြင်နေရသည့်ကောင်းကင်ကြီးက ကြယ်ရောင်စုံနှင့်လှပနေသလို တခြမ်းသာရှိသော လခြမ်းဟာလည်း ဘေးမှာတိမ်ကင်းစင်လို့။

"ရာသီဥတုသာယာလိုက်တာ ငါတို့ပြန်မဲ့ညကျမှပဲ မိုးကတိတ်တော့တယ် မနက်ဖြန်ဆိုရင်ပြန်ရတော့မယ် ပုဂံကိုတော့လွမ်းကျန်ရစ်တော့မှာပဲ"

ရောက်တာငါးရက်လောက်ကြာပြီဖြစ်သော်လည်း ညပိုင်းမိုးရွာနေတာနှင့် ဟိုတယ် rooftop ကိုလည်းမတတ်နိုင်ခဲ့သလို ညရှု့ခင်းကိုလည်းမကြည့်နိုင်ခဲ့။ ကံကောင်းသည်ဟုဆိုရမည် နောက်ဆုံးညမှာတော့ ပုဂံရဲ့ ညခင်းအလှကိုကောင်းကောင်းကြီးတွေ့မြင်ရသည်။

မမှီတမှီဖြစ်နေတဲ့ ပုခုံးစွန်းလေးကိုခေါင်းတင်မှီကာ လက်ချောင်းအချင်းချင်းယှက်သိုင်းဆုပ်ကိုင်ထားသည်။ ကြယ်တွေစုံတဲ့ညမှာ မီးရောင်ထိန်ထိန်လင်းနေသော ပုဂံမြို့ကြီးက ရင်သပ်ရှု့မောဖွယ်။ ညခင်းတွေဆို ပုဂံဘုရားတွေမှာရှိတဲ့ ပုံပြင်တချို့ကိုသွားရောက်လေ့လာကြည့်ချင်ပေမဲ့လို့ အဲ့လောက်သတ္တိမရှိ။

"အချိန်တန်ရင် ဆိုင်ရာဆိုင်ရာကိုပြန်ကြရတာပဲလေ..ဒါက ခေတ္တခိုနားဖူးတဲ့နေရာတစ်ခုလိုပဲ နောက်ဆိုအမှတ်တရတစ်ခုသာသာပဲဖြစ်သွားတော့မယ်"

သျှင်းမြတ် ငုဝါကိုတစ်ချက်ငဲ့စောင်းကြည့်လိုက်သည်။ သူ့ပုခုံးစွန်းလေးကိုမှီကာ လက်ချောင်းတွေကိုဆော့ကစားနေသော ကြောင်ကလေးကအပူအပင်ကင်းလို့နေသည်။

Rooftop မှာ ညည့်နက်လာတော့ လူအနည်းငယ်သာကျန်တော့သည်။ သရဖီတို့လည်းအိပ်ချင်သည်ဟုဆိုကာ ထွက်သွားကြတော့ သူတို့နှစ်ယောက်နှင့် ခပ်လှမ်းလှမ်းက အတွဲတစ်တွဲရယ် သောက်စားနေကြသော သူငယ်ချင်းအဖွဲ့တစ်ဖွဲ့ရယ်သာရှိတော့သည်။

"အချိန်တန်ရင် သက်ဆိုင်ရာကိုပြန်ရမယ်တဲ့ တို့အရင်တုန်းကဆို အမြဲတမ်းတွေးဖူးတယ် နေရာတစ်နေရာထဲမှာ ခိုနားရတာကပျော်စရာကောင်းရဲ့လားပေါ့ ဒါပေမဲ့ မင်းကိုတွေ့တဲ့အချိန်မှာ စိတ်ထဲကအလိုလို တို့နဲ့သက်ဆိုင်တဲ့နေရာလို့အလိုလိုခံစားမိလာတာ အချစ်ဆိုတာဘာလဲမသိဘူး ယုံလဲမယုံကြည်ဘူး ငါ့အတွက်လိုအပ်တယ်လို့တွေးမိတဲ့ အတွေးတစ်ခုကနေ ဘေဘီကိုရွေးချယ်ခဲ့တယ် ဒါပေမဲ့ ပိုပိုပြီးသိလာခဲ့ရတာက အဲ့ဒီလိုအပ်ချက်ထက်ကိုပိုနက်ရှိုင်းတာကိုပေါ့"

You've reached the end of published parts.

⏰ Last updated: Mar 31 ⏰

Add this story to your Library to get notified about new parts!

You And IWhere stories live. Discover now