အခန်း (၈)

6.1K 508 15
                                    

နာကျင်နေသည့် ခန္ဓာကိုယ်က ဟိုဖက်ဒီဖက်လှည့်တာတောင် နာကျင်လို့နေသည်။ အထိမခံလွန်းသည့် သူ့အသားအရည်ကြောင့်လဲဖြစ်ပါလိမ့်မည်။ သေချာတာကတော့ ဒီစွဲထင်နေသည့်အရာတွေပျောက်ဖို့ လေးငါးရက်တော့ကြာပေဦးမည်။

"နိုးပြီလား ထပ်အိပ်ဦးမှာလား"

"မအိပ်ဘူး ထတော့မှာ"

နွေငုဝါရဲ့ဟိုလှည့်ဒီလှည့်လုပ်နေတာကြောင့်လားမသိ။ သျှင်းမြတ်တလူဟာလည်း နိုးလာတော့သည်။

"စောစောမထတတ်ဘူးမလား"

"ဟုတ်တယ်"

"ဒါဆိုပြန်အိပ်ဦးလေ"

"ရှင်အခုလို ဖက်ထားရင် အိပ်လို့မရဘူး ထလိုက်တော့မယ်"

"ဟားဟား ဟုတ်ပါပြီ ဘေဘီရယ် တို့ဖယ်ပေးပါ့မယ် ပြန်အိပ်လိုက်ပါဦး တို့မနက်စာသွားဝယ်ပေးမယ် ထမင်းဟင်းကတော့ အိမ်ကိုလာသန့်ရှင်းရေးလုပ်နေကြ မြေးအဖွားကလာချက်ပေးလိမ့်မယ် ဘေဘီစားချင်တာပြောလေ သူတို့ကိုချက်ခိုင်းလိုက်မယ်"

"ဘာဖြစ်ဖြစ်စားတယ် ဖယ်မှာဖြင့်ဖယ်တော့ အသက်ရှုကြပ်တယ်"

သျှင်းမြတ်ရယ်လိုက်မိပြန်သည်။ လည်တိုင်အောက်ကနေလျှိုဝင်ကာ ဖက်ထားသောလက်နှင့် ခါးသွယ်သွယ်ကိုဖက်ထားသော လက်တွေကိုသူဖယ်ပေးလိုက်သည်။ အလင်းရောင်အောက်မှာမြင်ရသော ကြည်လင်လှသည့် အသားအရည်မှာ စွဲထင်နေသော နီညိုရောင်အကွက်တွေဟာ သျှင်းမြတ်မျက်လုံးထဲမှာတော့ ဂုဏ်ယူချင်စရာပင်။

တို့ထိလိုက်ချင်ပေမဲ့ နွေငုဝါစိတ်ဆိုးကာအော်မည်သေချာနေတော့ ရယ်ပြီးပဲ အိပ်ရာထလိုက်ရသည်။ ရေချိုးခန်းကထွက်လာတော့ စောင်ကိုခေါင်းမြီးခြုံကာပြန်အိပ်နေသော နွေငုဝါကြောင့် ခပ်ကြိတ်ကြိတ်ရယ်လိုက်မိပြန်သည်။

မနက်စာကို အနီးအနားကဆိုင်မှာပဲဝယ်လိုက်တော့မယ်ဆိုပြီး ထွက်သွားပေမဲ့လို့ ဆိုင်ကရပ်ကွက်မှာနာမည်ကြီးတော့ နည်းနည်းတော့ကြာအောင်စောင့်လိုက်ရသည်။ အိမ်ပြန်ရောက်တော့ ရှစ်နာရီခွဲနေပြီဖြစ်သလို နွေငုဝါနှင့်စကားပြောနေသော မြေးအဖွားကိုတွေ့လိုက်ရသည်။

You And IWhere stories live. Discover now