လက်ဖက်သုပ်ကို ပုဇွန်ခြောက်များများနှင့်ထည့်သုပ်ထားပြီး ချဉ်ငံစပ်လေးဆိုတော့ စားလို့ကောင်းလှသော်လည်း စိတ်ထဲမှာနေလို့မကောင်းတော့ ပန်းကန်ကိုတောင်မှ ဇွန်းဖြင့်ထိုးနေမိသည်။
"ရား နင်ကလည်း ဘာလို့ထိုးနေတာလဲ လက်ဖက်သုပ်မှာ ဘာအပြစ်မှမရှိဘူးနော်"
"ငါသိတယ် ငါသိတယ်လို့"
"ခစ်ခစ်...ငုဝါရယ် နင့်အဖြစ်ကလည်း တကယ်ရီရမှာလိုလို ငိုရမှာလိုလိုနဲ့ တကယ်ပါပဲ"
"ရီလိုက်ငိုလိုက်လို့ ပြီးသွားရင်တော့ကောင်းတာပေါ့ အခုကရီလို့လည်းမရ ငိုလို့လဲမရဖြစ်နေလို့ဆိုးနေတာ"
"နင်ကရော ဘာလို့ သူများခေါ်တာကို လိုက်သွားရတာလဲ"
"အဲ့တုန်းကပျာယာခပ်နေတာလေ နင်လဲသိသားပဲကို ငါ့အစ်မတွေအကြောင်း ငါဖက်ကသဘောမကျရင်တောင်မှ တစ်ဖက်ကငါ့ကိုသဘောကျရင် သူတို့ကဇွတ်တွေလုပ်တော့မှာလေ အမေကပါပါနေတော့ ငါငြင်းလို့မရဘူး ရည်းစားရှိတယ်ဆိုရင်လဲ ငြင်းလို့ကောင်းတာပေါ့ အခုက ဘယ်သူမှမရှိတာ"
"အဲ့ဒါပြောတာပေါ့ ကျောင်းတုန်းကဒီလောက်လူကြိုက်များနေတာကို ဘာလို့အဆင်ပြေမဲ့တစ်ယောက်ကို မရွေးရတာလဲ"
"ငါမှမကြိုက်တာကြီးကို ပြီးတော့ နင်သိပါတယ် ရည်းစားစထားပြီပဲထားဦး ရည်းစားတာဝန်ဆိုတာကရှိလာပြီလေ တွေ့ချင်တယ်ဆို သွားတွေ့ပေးရမယ် နေပူမရှောင် မိုးရွာမရှောင်လေ နားထောင်ချင်ချင် မနားထောင်ချင်ချင် စကားတွေအများကြီးနားထောင်ရမယ် အလကားနေရင်း အဖက်ကခံရဦးမယ် ပိုက်ဆံမရှိရင်လဲချေးပေးရဦးမယ် ကျောင်းစာကကူလုပ်ပေးရဦးမယ် ဘယ်လောက်စိတ်ပျက်စရာကောင်းလဲ ငါတော့တွေးကြည့်တာနဲ့တင် ပျင်းနေပြီ"
ရွှေရည်ကတော့ အတွေးအခေါ်တမူထူးခြားလှသော သူငယ်ချင်းမကိုကြည့်ကာ သိပ်မအံ့ဩတော့။ ပေါင်းလာတာလည်းနှစ်တွေကြာခဲ့ပြီလေ။ နွေငုဝါအကြောင်းကို နောကျောနေပါပြီ။
"အခုကြတော့ဘာလဲ နင်က မိန်းမတစ်ယောက်ကိုကြိုက်သွားတာလား"
"မကြိုက်ပါဘူး ဒီတိုင်းမတော်တဆဖြစ်သွားတာပေါ့ ငါမငြင်းနိုင်ခဲ့ဘူးလေ ငါ့အမှားပါ ငါကိုကဖြစ်နေတာ"
YOU ARE READING
You And I
Romanceလွတ်လပ်ပေါ့ပါးလှသော single life ကြီးကနေ ရုတ်တရတ်ကြီး ဘဝထဲကို တခြားသူကဝင်ရောက်လာသောအခါ...