'' မင်း ဘာစားမလဲ ဟန်သာ...''
'' ဆိတ်သားဟင်းနဲ့ ကန်စွန်းရွက်ကြော်... ''
'' ညီလေး...အကိုတို့ဝိုင်းကို ဆိတ်သားဟင်းနဲ့ ကြက်အသဲအမြစ် တစ်ပွဲဆီ ၊ ကန်စွန်းရွက်ကြော်နဲ့ အာလူးပလိမ်းချက်က တစ်ပွဲ၊ငါးပိရည် တို့စရာက ဒီကပေးတယ်မလား...''
'' ဟုတ်ကဲ့...ဆိုင်က ပေးပါတယ်ခင်ဗျ၊နောက်ထပ် ဘာမှာဦးမလဲ အစ်ကို...''
'' ရေသန့်တဗူးပါ ယူခဲ့အုံး.. ညီလေး...''
'' ဟုတ်ကဲ့ အကို...ခနစောင့်ပေးပါ ခင်ဗျ...''
စားပွဲထိုးကောင်လေးရဲ့စကားကို ခေါင်းငြိမ့်အဖြေပေးလိုက်
သည်။ဟန်သာ မှာတော့ နေ့လည်စာကျောင်းဆင်းပြီဆိုတဲ့အကြောင်း ကိုမင်းမြတ် ဆီ ဖုန်းခေါ် ပြောနေသည်။ ကိုမင်းမြတ် အစား သူ နားညီးမိသည်။ သကောင့်သားက အဖြေမရသေးခင်အချိန် နှပ်ချီးတွဲလောင်းကထဲက သူတို့ဘေးအိမ်က ကိုမင်းမြတ်ကို ကိုကို ကိုကိုဆိုပြီး ဘူးခဲ့သောကောင်ဖြစ်ရာ ဆေးကျောင်းထိပါ သွား ဖွန်ကြောင်သည်။
ဆရာဝန် ဖြစ်သွားတော့လဲ ဟိုက အစိုးရဆေးရုံမှာသာ အလုပ်လုပ်မည် ပြောလဲမရ ။ ထွက်ခွင့်ရအောင်သာ အစိုးရဆေးရုံမှာ အလုပ်ဆင်းလိုက်ရသည်။ တဂျီဂျီကျနိုင်လွန်းသော ဟန်သာကြောင့် ခုဆို သူ့အဖေဆေးရုံမှာ အလုပ်ဝင်နေပြီ ဖြစ်သည်။ အဖြေပြန်ပေးတာကလဲ ဆယ်တန်းအောင်ခါစမှာ ပေးခြင်းပင်၊ချစ်တယ်လို့ အဖြေပြန်မပေးရင် သူလုပ်ချင်ရာအကုန်လုပ်မည် ၊ ဆိုးမည် မိုက်မည်ဟု ပြောပြီး
အဖြေတောင်းတာတဲ့လေ။တကယ် သူနဲ့မခင်သူတွေဆို သူ့ကို ခပ်တည်တည်နဲ့ အချေမင်းသားထင်မှာ၊ တကယ်က ဂျစ်ပွေးလေးပင်ဖြစ်သည်။
ခုတော့ ro ထားအုံးပေါ့ကွာ၊ ဦးနဲ့ ချစ်သူဖြစ်တဲ့နေ့ မင်း မျက်ရည်ကျရအောင်အထိ ပြန် ro ပြမယ် သားလေး....။
'' Sweety... ကြက်အအမြစ်လေးက ငါ့ကို လျှာထုပ်ပြနေတယ်...''
'' အပိုတွေပြောမနေနဲ့ မအေဘေး၊ ယူစား..ငါလဲ ဆိတ်သားယူစားမှာပဲ...''
ခနစောင့်လိုက်ပြီးတော့ မှာထားသည်များ လာချပေးသည်။ ဆိုင်လေးကလဲ သပ်သပ်ရပ်ရပ်လေးဖြစ်ပြီး ဟင်းအရသာကလဲ စားဝင်တဲ့အထဲပါလေသည်။
YOU ARE READING
ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed)
RomanceRebirth fic လေးပါ...ယောကျ်ားလေးကိုယ်ဝန်ဆောင်ခြင်း၊အမှောင်လဲ အနည်းငယ် ပါဝင်မှာလို့ ကြိုတင် အသိပေးပါတယ်ရှင့်... Start date- 8.2.2022 End date- 17.3.2022 #photo warning ပေးပါတယ်