Part 25

29.1K 1.5K 51
                                    


'' ကလေး.... ကလေး စိတ်ကောက်ပြေပါတော့ကွာ ''

တိုင်း ကို ကျောခိုင်းပီး တခြားဘက် လှည့်အိပ်နေသော ကလေးငယ်လေးကို နောက်ကနေ ပွေ့ဖက်ပြီး သူ ချော့နေခြင်းဖြစ်သည်။

ညက ကလေးငယ် ရပ်ခိုင်းတာတောင် သူမရပ်ပဲ အကြမ်းလွန်သွားသည်ကြောင့် ကလေးငယ် သူ့ကို ကောက်နေခြင်း ဖြစ်သည်။

Sweety ကို နောက်ကနေ အတင်းဖက်ပြီး ချော့နေသော လူကြီးအား သူ လျစ်လျူရှုထားသည်။ သူ့မှာတော့ ဦးအရမ်းပင်ပန်းနေတယ်ဆိုပြီး သနားလိုက်ရတာ၊ သူ ပင်ပန်းလွန်းလို့ တော်ပါတော့ ရပ်ပေးပါတော့ ဆိုပြီး တောင်းပန်တာတောင် မရ၊ ဦးစေတိုင်းအောင် တို့က အခွင့်အရေးယူလွန်းသည်။

သူသာ ပေါင်မုန့်လုံးတလုံးဆို အစအနတောင်မကျန် အစားခံရသည့်ပုံစံ ဖြစ်နေသည်။

'' ဘာလို့ နားကို ကိုက်ဆွဲတာလဲ... အ! ! ''

'' ကလေး စိတ်မဆိုးပါနဲ့ကွာ... ဦး တောင်းပန်တယ် နော်... နောက်မကြမ်းတော့ဘူးကွာ နော် ''

'' ညက ရပ်ပေးပါတော့ ဆိုတာကို ရပ်မပေးဘူး... ဦးက အရမ်းဆိုးတယ် ''

တိုင်း ရှိရာဘက်လှည့်လာပြီး ရင်ခွင်ထဲ ဝင်ကာ ပြောလာသော ကလေးငယ်ကို သူ ဝါဂွမ်းစိုင်လေးလို နုနုရွရွလေး ဖတ်ထားလိုက်သည်။

ကလေးငယ် ဆံသား နုနုလေးတွေကို နဖူးပေါ်မှ အသာသပ်တင်ပြီး နဖူးပြေပြေလေးကို သူနမ်းလိုက်သည်။ထို့နောက် ပါးမို့မို့လေးနဲ့ မျက်ခွံလှလှလေး နှာတံစင်းစင်းလေးကို  အနမ်းတို့ ပေးအပ်လိုက်ပြီး ဖူးစိုနေသော နှုတ်ခမ်းဖောင်းဖောင်းလေးကို စက္ကန့်အနည်းငယ်ကြာသည်အထိ ဖိကပ်နမ်းမိသည်။

'' ကလေးငယ် ဆံပင်လေး ပိုရှည်လာပြီနော်.... ညှပ်ချင်သေးလား ''

'' နဲနဲညှပ်ချင်တယ်... သား ဂုတ်ထောက်လောက်ပဲ ထားမလားလို့..ဦး သဘောကရော ''

'' ညနေကျ ဆိုင်ကို လိုက်ပို့ပေးမယ် ကလေး ''

'' ဟုတ်... ''

မနက်ခင်း အိပ်ယာမထသေးပဲ မွေ့ယာပေါ်တွင် သာယာနေသော Sweety တို့ နှစ်ယောက် ဟန်သာ့ဆီက ဖုန်းလာမှသာ အိပ်ယာထတော့သည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now