ဒီတန်ခူး ရွှင်မြူး နှစ်ကူးရောက်ပြီလေ......
ရွဲစိုအောင် ပတ်လိုက်တော့လေ...မောင်မောင်ရယ်တဲ့...
ရွဲစိုအောင် ပတ်လိုက်တော့ ချမ်းပါတယ် ဗျ....
သက်ြန်ရေက အေးပါတယ်ကွယ်....
သက်ြန်ရေက ချမ်းပါတယ်ကွယ်...
ကျူံးရေသီကာ ပတ်ကာဝိုင်း....
တန်ခူးလ ရောက်လေတိုင်း...
သက်ြန်ကားလေးနဲ့ ရေကစားထွက်လို့လည်..
ကိုကိုတို့ ရေကစား ထွက်လို့လည်...သက်ြန်အတတ်နေမို့ အရင်နေ့တွေထက် ခုနေ့ ပိုစည်နေသည်။ သက်ြန်တေးသီချင်းသံတွေ ပျံ့လွင့်လာပြီး သားသားတို့က သက်ြန်လည်တဲ့ ကားတွေ ဆိုင်ကယ်တွေ လာရင် ပတ်လိုက်...ပတ်စရာလူမရှိရင် သူ့တို့ ဦးဦးတွေ ဖြစ်တဲ့ ဟန်သာနဲ့ ကိုမင်းမြတ် ၊ ကိုပိုင်ဦး နဲ့ သန့်စင် ၊ ဇာနည်နဲ့ ခန့်ကို တို့ကို ပတ်လိုက် သူတို့အချင်းချင်း ရေသေနတ်နဲ့ ပစ်လိုက်နဲ့ ခုန်ပေါက်ကာ ပျော်ရွှင်နေကြသည်။ ဖေကြီးနဲ့ဖေဖေကို သားသားတို့ သက်ြန်နေ့တိုင်း အရင်ဆုံးလောင်းချင်ပါတယ်ဆိုပြီး မနက်စာစားပြီးကထဲက တတ်ညီလက်ညီနဲ့ သက်ြန်ရေ လောင်းတော့သည်။ သူ့ဘွားဘွားကိုလဲ ဥပုသ် သွားမစောင့်ခင် လောင်းချင်ပါသည်ဟု ဂျီကျသည်ကြောင့် ဒေါ်လေးမှာ သူ့မြေးတွေကို ပြုံးကြည့်ပြီး သက်ြန်ရေလောင်းခံတော့သည်။
'' ကိုအဲရေ...ကိုကြီးကို ရေသနတ်နဲ့ ပစ်ကြမယ်...ဝမ်း..တူး..သရီးး..ရေးးး....ခစ်..ခစ်...''
'' ညီညီ...ပစ်ထား...ကိုအဲကို ကိုကြီး ပြန်ပစ်နေပြီ... .ခစ်..ခစ်..''
'' အငယ်နှစ်ကောင် ပေါင်းပြီး ကိုကြီးကို ပစ်တယ်ပေါ့...ရော့ ကွာ....''
ကိုကြီး ရေသေနတ်နဲ့ ပြန်ပစ်တုန်း ကဲကဲမှာ ရေကုန်သွားသဖြင့် ဦးပိုင်ဦးဆီ ပြေးကာ ရေထည့်ခိုင်းတော့သည်။
'' ဦးပိုင်...ကဲကဲလေးကို ရေမြန်မြန် ထည့်ပေးပါ...ကိုကြီးနဲ့ ကိုအဲ ကစားလို့ပြီးတော့မယ်...''
'' ဦးပိုင် မြန်မြန်ထည့်ပေးနေပြီနော်..ကဲကဲလေး ''
ပိုင်ဦး ရေသံစည်ပိုင်းထဲ သေနတ်လေးအမြန်နှစ်ပြီး ရေထည့်ကာ ကဲကဲလေးဆီ မြန်မြန်ပေးလိုက်သည်။
'' ဟီး..ကျေးဇူးပါ ဗျ...ရေးး..ကဲကဲလာပြီ...ကိုကြီးတို့ရေ...''
သူ့အကိုတွေရှိရာ အမြန်ပြေးသွားပြီး ေအာ်ပြောလိုက်သော
ကဲကဲလေးတယောက် သူတို့ ဆော့ထားလို့ ဗွက်ထနေသည့်နေရာတွင် ဗိုင်းကနဲ ချော်လဲသွားတော့သည်။ ပိုင်ဦးတို့ သွားထူပေးမည်လုပ်တော့ Boss ရောက်လာပြီး ကဲကဲလေးကို ချီသွားတော့သည်။ ပိုင်ဦးတို့ Boss အစွမ်းကတော့ အံ့မခမ်းပါပဲ...အမြွှာပူးတောင် ရုပ်လေးတွေ ဆင်ကြသော်လည်း စိတ်ထားလေးတွေ တမျိုးစီထွက်အောင် မွေးနိုင်စွမ်းရှိလေသည်။
YOU ARE READING
ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed)
RomanceRebirth fic လေးပါ...ယောကျ်ားလေးကိုယ်ဝန်ဆောင်ခြင်း၊အမှောင်လဲ အနည်းငယ် ပါဝင်မှာလို့ ကြိုတင် အသိပေးပါတယ်ရှင့်... Start date- 8.2.2022 End date- 17.3.2022 #photo warning ပေးပါတယ်