Part 13

32.6K 1.9K 17
                                    

'' ခွပ်...ခွပ်...''

အရှေ့က မဲကြီး ညီအစ်ကိုညနှစ်​ယောက်ကို ဦးမျိုးလွင် ဆင့်ထိုးပလိုက်သည်။ စက်ရုံ မီးရှို့ခိုင်းတာ ညဘက် မရှို့ပဲ
အလေလိုက်ပြီး မနက်ကျမှ သွားရှို့တော့ ဟိုက မဖမ်းမိလိုက်တာတောင် ကံကောင်း ။

''  ညက ကောင်မလေးတွေဆီမှာ နှပ်ရင်း အိပ်ပျော်သွားလို့ပါ...နောက်မဖြစ်စေရပါဘူး ဆရာ.... ''

'' ဟုတ်ပါတယ် ဆရာ..နောက်မဖြစ်စေရပါဘူး၊ ကျွန်တော်တို့ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ ဆရာ..''

'' ဟမ့်...နောက်ကြ ခုလို အချိုးမပြေ ဖြစ်ရင် ခင်ဗျား တို့ အသေပဲမှတ်..''

ဆရာ့ဘေးတွင် မျှော့လို တွယ်နေပြီး ချွဲနေသော အကောင်က
ထပြောလာသည်ကြောင့် မဲကြီးတို့ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားသည်။

ရာရာစစ သူ့လို ကောင်ကပဲ သူတို့ကို ပြောရတယ်လို့၊အဟက်...မင်းသာ ကိုယ့်နေရာကို မြဲအောင်နေပါအုံး ဇယားလေးရယ် ။

ဆရာ ခုချိန် ထိုဇယားလေးကို သုံးနေသည်ကြောင့်သာ သူတို့ ဘာမှပြန်မပြောပဲ ငြိမ်ခံနေလိုက်သည်။

ရိုးအီသွားရင် မင်းလဲ အထွေးခံရမှာပဲ ကောင်လေး..ဘဝင်မြင်မနေနဲ့ ။ မြင့်လေ ထွက်ကြရင် အထိနာလေပဲ ဆိုတာ တစ်နေ့မင်းသ်ိလာလိမ့်မယ် ။

'' သွားတော့... တစ်နေရာမှာ တစ်ပတ်လောက် ငြိမ်နေလိုက်အုံး ''

'' ဟုတ်ကဲ့ ဆရာ...''

မဲကြီးတို့ နှစ်ယောက် ထွက်သွားတော့ ရဲသူ ဦးမျိုးလွင် ဘက်
လှည့်လိုက်သည်။

နှာဘူးကောင်တဏ္ဍာရူးကြီးက လက်တွေ အငြိမ်မနေ၊သူ့တစ်ကိုယ်လုံးကို ပွတ်သပ်နေသည်။ ခန့်ကိုလို လူငယ်တောင် သူ့လောက်မထန် ။

ဒီလူက ရွံစရာ စိတ်ပျက်စရာ ကောင်းပင်မဲ့ သူလိုချင်တဲ့ ပြည့်စုံတဲ့ ဘဝ ပေးသည်မို့ သူ သည်းခံနေခြင်းဖြစ်သည်။

မဟုတ်ရင် ဘီယာဖောဖောနေတဲ့ ဗိုက်ကြီးနဲ့ အဆီတဝင်းဝင်း မျက်နှာကြီးကို သတွေးပင် လှည့်ထွေးလိမ့်မည် မဟုတ်။

'' ကိုကြီး...ဘာဆက်လုပ်မယ် တွေးထားလဲ...''

'' babyက စေတိုင်းအောင်ကို ကြိုက်နေတာလား...စိတ်ဝင်စားလှချည်လားကွ..ဟမ်..''

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now