Part 17

30.6K 1.9K 134
                                    

'' ရဲသူ မင်းငါ့နောက် လိုက်ခဲ့...မင်းနဲ့ ရှင်းစရာ ရှိတယ်..''

Sweety အခန်းထဲ ရောက်တော့ လွယ်အိတ်ကို ခုံပေါ်တင်လိုက်ပြီး အရှေ့မှာ ထိုင်နေသော ရဲသူကို ခေါ်လိုက်သည်။

အခန်း အပြင်ရောက်တော့ လှေကားထောင့်ချိုးနားတွင် ရပ်လိုက်ပြီး မေးလိုက်သည်။

'' ဦးကို ဆေးခပ်ခိုင်းတာ မင်း ဆို..''

'' ဟုတ်တယ်လေ...အဲ့တော့ ဘာဖြစ်ချင်လဲ..''

'' ဒါ ဖြစ်ချင်တယ်ကွာ...ခွပ်!!..''

မိုက်ကြေးခွဲနေသော အကောင်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးပလိုက်သည်။

ရဲသူကလဲ ပြန်ထိုး Sweety ကလဲ ထိုးဖြင့် ရန်ဖြစ်နေတုန်း ဟန်သာနဲ့ တခြားသူတွေ အတင်းဝင်ဆွဲမှသာ သူတို့နှစ်ယောက် လူချင်းခွာသွားတော့သည်။

သူက အရပ်ပိုရှည်သူမို့ တချက်လောက်သာ အထိုးခံထိသည်။ ရဲသူကတော့ သုံးချက်လောက်မိပြီး မျက်လုံးနားနဲ့  နှုတ်ခမ်းကို ထိသွားသည်။

နောက်ဆုံး ပါချုပ်အခန်းထဲ ရောက်ပြီး အုပ်ထိန်းသူ အခေါ်ခံရသည်။ ဒေါ်လေး သိရင် ဆူမှာစိုးသည်ကြောင့် ဦးကိုသာ သူ ခေါ်ရဲလေသည်။

ရဲသူကလဲ ဦးမျိုးလွင် ကို ခေါ်လိုက်သည်ကို သူ  ကြားလိုက်သည်။

နာရီဝက် သာသာလောက်တွင်တော့ ဦးနဲ့ ဦးမျိုးလွင် မရှေ့မနှောင်း ရုံးခန်းထဲ ရောက်လာကြသည်။

တိုင်း ကလေးငယ် ဖုန်းဆက်ခေါ်သည်ကြောင့် meeting တန်းလန်းကြီး ပိုင်ဦးနဲ့ လွှဲထားခဲ့ပြီး ကလေးငယ်ရဲ့ကျောင်းကို ကား အမြန်မောင်းလာခဲ့သည်။

မနေ့က Bar ကို သွားစုံစမ်းတော့ ကလေးငယ်ပါ လိုက်လာရင်း အလုပ်သမားကောင်လေးကို Bar မှ ထုတ်လိုက်ကြောင်းနဲ့ ဘယ်မှာ အဆောင်ငှားနေသည်ကို ပြောပြလိုက်သည်မို့ အမြန်လိုက်သွားချိန်တွင်တော့ အထုပ်တွေသိမ်းပြီး အဆောင်ပြောင်းရန် ပြင်နေသည်ကို တန်းမိသွားသည်။

မေးမြန်းကြည့်တော့ ရဲသူဆိုတဲ့ကောင်လေးက ငွေပေးပြီး ဆေးခပ်ခိုင်းသည်ဟု ပြောလာသည်။ ထို အလုပ်သမားကိုလဲ ရဲလက် အပ်ပြီးပြီ ။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) حيث تعيش القصص. اكتشف الآن