Extra 3.Z

10.2K 199 10
                                    

'' လေးမြတ်  ဝက်သားတုတ်ထိုး လုပ်ကျွေးမယ်... စားမယ် မဟုတ်လား ''

'' ရေးး...စားမှာပါ လေးမြတ် ..ခစ်..ခစ် ''

'' ကြာဇံကြော်ရော စားချင်တယ် လေးမြတ် ''

'' ပါးပါး... ခေါက်ဆွဲကြော် စားချင်တယ် ''

ခေါက်ဆွဲကြော် နဲ့ ကြာဇံကြော် လုပြောနေသော သားအဲနဲ့ သားကဲလေးကို နှစ်မျိုးလုံး ေကြာ်ပေးမည်ဟု မင်းမြတ်ပြောလိုက်မှ ငြိမ်သွားတော့သည်။ သားဝမ်ဝမ်းလေးကို မေးတော့ သူက ဘာပဲဖြစ်ဖြစ် စားပါသည်တဲ့။ သားသားသုံးယောက်ကို မောင်နဲ့ အတူ ထားခဲ့ပြီး တုတ်ထိုးလုပ်ရန် အောက်ထပ် ဆင်းလာခဲ့သည် ။ ဇာနည်တို့အတွဲရယ်၊ ရုံးပိတ်သည်မို့ ပိုင်ဦးတို့ အတွဲရယ် အိမ်လည်လာမည်မ်ို့ မင်းမြတ် ဝက်သားတုတ်ထိုး ပိုလုပ်ရမည်။ ကို Time နဲ့ Sweety ကတော့ ခုနေ့မှ သားသားတို့ မင်းမြတ်ဆီကို ရောက်သည်မို့ အနားယူမှာ သေချာသည်။ ခုည သားအဲက ဒီမှာ အိပ်မည်ဖြစ်ပြီး ၊ သားဝမ်ဝမ်းနဲ့ ကဲကဲလေးက ပြန်အိပ်မည်ဟု ပြောလေသည်။

ဝက်သားကို တုတ်ထိုးလုပ်ရန် လိုအပ်သည့် အမွှေးအကြိုင် နဲ့ လိုတာတွေ ထည့်ပြီး ရေများများနဲ့ တည်ထားကာ ကြာဇံနဲ့ ခေါက်ဆွဲကြော် ဖို့ ဟင်းသီးဟင်းရွက် တွေကို လှီးလိုက်ပြီး ကြာဇံနဲ့ ခေါက်ဆွဲ ကြော်လိုက်သည်။ အချဉ်ရေ စပ်ပြီးနောက် ဝက်သားအိုးထဲ ရေထပ်ထည့်လိုက်ပြီး အပေါ်ထပ်ကို ပြန်တတ်လာခဲ့သည်။ အခန်းထဲ ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းက မင်းမြတ်ကို သွေးတတ်စေ၏။ စောင်တွေ ခေါင်းအုံးတွေက ကြမ်းပြင်ပေါ် ပြန့်ကြဲနေပြီး ဟန်သာထက်မြတ် နဲ့ သားသားသုံးယောက် က စစ်တိုက်တိုင်း ဆော့နေလေ၏။ ကလေးတွေက ဆော့တာ ထားပါတော့..လူကောင်ကြီးမှ အားမနာ ဟန်သာထက်မြတ် တို့ မရှက်ဘူးလားမသိ။ အပီအပြင်ဆော့နေတော့သည်။

သူ ဝင်လာတာကို သတိပြုမိတော့ မင်းမြတ်အနား လေးယောကျသား ကပ်လာပြီး လက်ဆွဲကာ အတူဆော့ဖို့ ခေါ်တော့သည်။ မင်းမြတ်လဲ မျက်မှန်လေး ချွတ်လိုက်ပြီး သားသား တွေနဲ့အပြိုင် ဆော့လိုက်တော့သည်။ ဆရာဝန်ဆိုတာ မေ့သွားသော အခိုက်အတန့်တွေပေါ့ ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Dec 02, 2022 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Dove le storie prendono vita. Scoprilo ora