Part 12

33.4K 2K 42
                                    

'' Boss အထည်စက်ရုံ မီးလောင်နေတယ်လို့
သတင်းပို့လာပါတယ်...''

'' ဘာ!!. ..''

''ပိုင်ဦး  မင်းသွားနှင့်၊ငါ နောက်ကလိုက်လာခဲ့မယ်..''

'' ကျွန်တော် သွားနေတာ လမ်းတစ်ဝက်ရောက်နေပီ Boss. .''

'' ငါ ခုလာခဲ့မယ်...''

'' ဦး..ဘာဖြစ်တာတဲ့လဲ... ''

'' အထည်စက်ရုံဘက် မီးလောင်နေတယ်တဲ့ ကလေး..ဦး သွားလိုက်အုံးမယ်.. ''

'' သားလဲ လိုက်ချင်တယ် ဦး..''

ကလေး အပြောကို ခေါင်းငြိမ့်အဖြေပေးလိုက်ပြီး ကားသော့ တတ်ယူကာ နှစ်ယောက်အတူတူ စက်ရုံဘက် ကားမောင်းထွက်လာခဲ့သည်။

ခုနေ့ တစ်ရက် အိမ်မှာ အနားယူမည် တွေးထားပင်မဲ့ ပြသာနာက ပေါ်လာသည်။ မြို့စွန်နား မရောက်မီ  လူနေအိမ် ကျဲပါသော မြေကွက်လပ် တွင် စက်ရုံ တည်ထားသည်မို့ တခြား ခြံတွေဘက်တော့ မီးမကူးနိုင်လောက်ပါ ။

ဒီလောက် စည်းစနစ်ကျကျ အုပ်ချုပ်ထားသည်ကို မီးက ဘယ်ကလောင်ရတာလဲ စဥ်းစားမရ။မနက်စာတောင် မစားရသေးခင် ပြသာနာက ထိုသို့ဝင်သည်။

စက်ရုံဆီ ရောက်သွားချိန်တွင်တော​့ စက်ရုံရှေ့မှာ အလုပ်သမားတွေရော၊မီးသတ်သမားတွေနဲ့ အိမ်နီးချင်း တွေ စုနေသည်ကို တွေ့ရပြီး သူ့ကို မြင်တော့ ပိုင်ဦးက အနားရောက်လာသည်။

'' မီးက ဘယ်လိုလောင်တာလဲ ပိုင်ဦး..''

'' အလုပ်သမားတွေပြောတာတော့ သူတို့ အလုပ်လုပ်နေရင်း ဓာတ်ဆီနံ့ ရတာနဲ့ ပတ်ရှာကြည့်တော့ စက်ရုံအနောက်ဘက်က မီးစလောင်နေတာ တွေ့ရတယ်လို့ ပြောပါတယ် Boss၊အနားကသူတွေ ရော မီးသတ်ကားပါ ခေါ်လိုက်တာနဲ့ တမ်းရောက်လာတာမို့ စက်ရုံ အနောက်ဘက်ပဲ နည်းနည်းထိခိုက်သွားပါတယ် ''

'' တောက်စ် !!. ... ငါ့ကို ဘယ်ကောင်တွေ လက်သီးပုန်းထိုးနေတာလဲကွာ... ကျစ်..''

ပျက်စီးသွားသော စက်ရုံ အနောက်ဘက်ကို သွားကြည့်လိုက်တော့ တစ်ဝက်တစ်ပျက် မီးလောင်ထား တွေ့ရသည်။

'' ပိုင်ဦး.. အလုပ်သမားတွေကို အလုပ်ဆင်းခိုင်းလိုက်တော့ ။ ပြီးရင် ပျက်စီးသွားတာတွေ ပြန်ပြင်ဖို့ အလုပ်သမားခေါ်လိုက်..။စက်ရုံ လုံခြုံရေး စောင့်ဖို့ ဆယ်ယောက်ရှာလိုက်၊ မနက် ငါးယောက်.. ညစောင့် ငါးယောက်... ''

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now