Part 27

25.9K 1.4K 86
                                    


'' ဝေါ့....ဝေါ့  ''

'' ဦး ရရဲ့လား... သား သံပုရာရည် ဖျော်လာတယ် သောက်လိုက်အုံး ''

Sweety ရေချိုးခန်းထဲက ဘေစင်တွင် လေတွေပဲ ထိုးအန်နေသော ဦး ကျောပြင်ကြီးကို လက်သီးလေးနဲ့ အသာဖွဖွ ထုပေးရင်း ပြောလိုက်သည်။

'' သောက်မယ် ကလေး...ဝေါ့ ''

တိုင်း  ကလေးငယ် ကိုယ်ဝန်စရှိကာစ တလကျော်ကျော်လောက်ကထဲ လူက အမြဲနုံးနေပြီး လေတွေပဲ အမြဲအန်နေသည်ကြောင့် မင်းမြတ်ကို ပြကြည့်တော့ ကလေးငယ်ကို ယ်စား ကိုယ်ဝန်ဆိပ်က သူ့ဆီမှာ လက္ခဏာ လာပြနေခြင်းဖြစ်ကြောင်း ရှင်းပြလာသည်။

ခုဆို ကလေးငယ် ကိုယ်ဝန်က နှစ်လကျော်လာပြီ ဖြစ်ရာ သူလဲ တနေ့တနေ့ လူကမဟန်တော့။ သို့သော် ကလေးငယ်အစား သူခံစားရသည်ကြောင့် ကျေနပ်သည်။

ကလေးငယ်သာဆို လူက ဖြူသွယ်သွယ်လေးလဲဖြစ်၊ ဗိုက်က​လေးကလဲ တော်တော်ကို ပူနေသည်မို့ ကလေးငယ်သာ မအီမသာခံစားရရင် သူ့ရင်ကို မီးစနဲ့ ထိုးသလို ခံစားရမှာ သေချာသည်။

ဦး ပလုတ်ကျင်းရင်း မျက်နှာသစ် တာကို စောင့်နေကာ ဦးကို မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးပြီး ရေချိုးခန်းထဲမှ အတူတူ ထွက်လာခဲ့သည်။ ထို့နောက် မွေ့ယာပေါ်မှာ အတူတူထိုင်ပြီး စားပွဲပေါ်က သံပုရာရည် ကို သောက်စေသည်။

'' ဦး ခေါင်းကြည်သွားပြီလား ၊ သက်သာလား ဟင် ''

အညိုရောင်ဆွယ်တာလက်ရှည်လေးနဲ့ ညဝတ်ဘောင်းဘီ အညိုလေး ဝတ်ထားတဲ့ ကလေးငယ်လေးဟာ ဗိုက်ပူပူလေးပေါ် လက်ကလေးတစ်ဖက်တင်ပြီး ခါးလေးကို လက်တစ်ဖက်နဲ့ထိန်းကာ သံပုရာရည် သောက်နေသည့် သူ့အနားတွင် ဝင်ထိုင်ပြီး ဂရုတစိုက်မေးလာသည်။

'' သက်သာပါတယ် ကလေးရယ်...ကလေး ဗိုက်လေးက သုံးလမပြည့်သေးပဲ အကြီးကြီး ဖောင်းနေတယ်.. baby လေးက ထွားထွားကြီး ထင်တယ် ''

'' ဟီး..ဟုတ်တယ် ဦး..သားလဲ တွေးနေတာ.. သား မြင်ဖူးတဲ့ ကိုယ်ဝန်သည်တွေ ငါးလဗိုက်လောက် ရှိနေတယ် ''

'' ထွားထွားကျိုင်းကျိုင်းနဲ့ အာနိုးကြီး ထွက်လာမှာ ထင်တယ်.. ဖေကြီး baby လေးက ''

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now