''ပိုင်ဦး... ငါ အဆင်ပြေရဲ့လား...''
ခဲရောင် အိင်္ကျီလက်ရှည်နဲ့ ပုဆိုးနက်ပြာကွက်စိပ်ကို ဝတ်ထားသော Boss က ဆံပင်ကို အသာသပ်တင်ရင်း
မေးလာသည်။'' ကြည့်ကောင်းပါတယ်..Boss၊ ဘာမှ မလိုတော့ပါဘူး..''
'' အဟမ်း..ဒါဆို ငါသွားတော့မယ်...''
'' ဟုတ်ကဲ့ Boss. ..''
ခုနေ့ မနက် ကလေးငယ်နဲ့စေ့စပ်ဖို့အကြောင်း ဒေါ်လေးက ဆွေးနွေးဖို့ ခေါ်ထားသည်ကြောင့် Company ကို ပိုင်ဦးကိုသာ လွှတ်လိုက်ပြီး သူကတော့ အိမ်ကနေ ပြင်ဆင်ပြီးတာနဲ့
ကလေးငယ်ရဲ့အိမ်ဆီ ကားမောင်းသွားလိုက်သည်။အရင်ကလဲ အမြဲတစေ ဝင်ထွက်နေကြ ဆိုပင်မဲ့ ခုက ကလေးနဲ့ချစ်သူဖြစ်ပြီး မင်္ဂလာကိစ္စ လာသည်မို့ ရင်တွေခုန်နေမိသည်။ သက်လတ်ပိုင်းဖြစ်ပြီး စီးပွားရေး မှာ နာမည်တလုံးနဲ့ ကျော်ကြားပင်မဲ့ အချစ်ရေးနဲ့ပတ်သက်ရင်တော့ သူဟာ ဆယ်ကျော်သက်လေးလို ဖြစ်နေသည်။
နာရီဝက် သာသာလောက်တွင်တော့ ကလေးငယ်တို့ရဲ့ ခြံရှေ့ရောက်လာသည်။ ကလေးငယ်ဆီ သူရောက်ပြီ ဖြစ်ကြောင်း ဖုန်း ဆက်လိုက်ပြီး လေးညိုဖွင့်ပေးသော တံခါးကနေ ခြံထဲ မောင်းဝင်လာခဲ့သည်။ ကလေးကလဲ အိမ်ထဲကနေ ထွက်လာပြီး သူရှိရာဆီ လာကြ်ိုလေသည်။
'' ဦး.... အရမ်းခန့်ပီး ချောနေတယ်..''
'' ဟုတ်လား ကလေး၊ ဦးရဲ့ကလေးငယ် ကလဲ အရမ်းချစ်ဖို့ကောင်းနေတယ်ကွာ...''
'' ဟီးး...တကယ်ပြောတာပါ နော်၊သားရဲ့ဦးက ပုဆိူးနဲ့ အရမ်းခန့်ညားနေတာပဲ...''
ကလေးငယ်ရဲ့ ပါးလေးတစ်ဖက်အား ဖျစ်ညစ်လိုက်ပြီး တိုင်း ပြုံးလိုက်မိသည်။
တစ်ယောက်တစ်လှည့် ဘယ်လောက်ချောခန့်ကြောင်း ပြောလာရင်း ဧည့်ခန်းဘက် လာခဲ့ကြသည်။ Sweety ကတော့ ဘဲရုပ်လေးတွေပါတဲ့ အဝါရောင် ကာတွန်း pajamas လေးကိုသာ ဝတ်ထားသည်။
ပိန်သွယ်သွယ် လေးနဲ့ အသားဖြူဖြူလေးမို့ မင်းသားတွေ ထိုင်ငိုသွားရအောင်အထိ ချောသည်ဆိုတာ သူ့ကိုယ်သူ သိပါတယ်လေ...ဟီး။
YOU ARE READING
ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed)
RomanceRebirth fic လေးပါ...ယောကျ်ားလေးကိုယ်ဝန်ဆောင်ခြင်း၊အမှောင်လဲ အနည်းငယ် ပါဝင်မှာလို့ ကြိုတင် အသိပေးပါတယ်ရှင့်... Start date- 8.2.2022 End date- 17.3.2022 #photo warning ပေးပါတယ်