Part 14

32.3K 1.8K 31
                                    


မှန်ထဲက​​ေန ပုခုံးမရောက်တစ်ရောက် ဖြစ်နေသော အညိုရောင် ဆံနွယ်တို့ကို အပေါ်ကနေ တစ်ဝက်လောက် ယူသိမ်းပြီး စည်းပလိုက်သည်။ ထိုအခါ မကျဥ်းမကျယ် နဖူးပြေပြေလေး
ရှင်းလင်းစွာပေါ်လာသည်။

ဒီနေ့က ရက်ချိန်းပြည့်တာ​ကြောင့်
ကိုမင်းမြတ်ဆီ ဆေးသွားပြရမည် ။ ရင်ဘတ်က
အသီးလေးကလဲ သစ်တော်သီးအသေးလေးတလုံးစာလောက်
ရှိနေပြီ ။ ​လေးလအတွင်း ထိုမျှလောက် ကြီးလာသည်မို့ ဒီတစ်ခါ ဆေးသွားပြရင်း ဆေးထပ်မသောက်တော့မည့် အကြောင်း အကိုမင်းမြတ်ကို ပြောရအုံးမည်။

ဆံပင်စည်းချင်းအမှု ပြီးသွားချိန်တွင်တော့ မျက်နှာနုနုထက် cream အနဲငယ် လိမ်းလိုက်ပြီး ရေမွှေးစွတ်လိုက်သည်။

ထို့နောက် ရင်သားပုံစံနဲနဲ ထွက်ကထဲက အခန်းပြင် ထွက်ချိန်တိုင်း စည်းနေကြ  အဝတ်စကို ရင်ဘတ်တွေ ပတ်လိုက်သည်။ ပြီးလျှင် အနက်ရောင် တီရှပ်ကို အပေါ်ကနေ လှည်းဘီးသဏ္ဍာန်ရွှေရောင်အဝိုင်းတွေ ပါသော အနက်ရောင် ရှပ်လက်တိုကို ထပ်ဝတ်လိုက်သည်။ပြီးနောက် Style pant အနက်ရောင်ဘောင်းဘီရှည် ကို ဝတ်လိုက်ပြီး သူ့ပုံစံက နက်စွေးနေသည်။

ဒီနေ့ ဆေးခန်းပြပြီးရင်တော့ ဦးကို လျိုဝှက်ထားသည့် ဒီကိစ္စကြီးကို ထုတ်ပြောဖို့ အားမွေးရတော့မည်။ ဦး စိတ်ဆိုးသွားမလား ၊ ဘာပြောလာမလဲ ဆိုသည့်အတွေးတွေ ဝင်ရောက်လာပြန်တော့ သက်ပြင်းတစ်ချက် ချမိ၏။

သူ ဆေးရုံရောက်တာနဲ့ ကိုမင်းမြတ် ရှိရာအခန်းဆီ တန်းတတ်သွားလိုက်ပြီး  အထဲတွင် ကိုမင်းမြတ်က အသင့်စောင့်နေတာ တွေ့ရသည်။ 

'' စောသားပဲ Sweety.. .''

'' ဟုတ်တယ်...အကို..''

'' ခုရော နေရတာ အဆင်ပြေရဲ့လား...မသက်မသာ ခံစားရသေးလား...''

'' မခံစားရဘူး အကို...''

အရင်တစ်လ လာပြခင်က လူက နုံးချင်ပြီး မအီမသာ ခံစားရသည်ဟု ပြောတာကြောင့်  ခုလ လာပြတော့ မသက်မသာဖြစ်တာရှိလား ဟု မင်းမြတ်မေးလိုက်ခြင်းဖြစ်သည်။

အရင်ကထက် အသားပိုဖြူပြီး ပန်းရောင်သန်းနေသော မျက်နှာလေးနဲ့ ကောင်လေးဟာ ဟော်မုန်းဆေး ကြောင့် အရမ်းဆိုးကျိုးမခံစားရပဲ ပိုပြီး နုနုစင်စင် ဖြစ်နေသည်ကို ကြည့်ပြီး မင်းမြတ် ဝမ်းသာမိသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Wo Geschichten leben. Entdecke jetzt