Part 7

40K 2.5K 129
                                    

'' Boss. ..အကိုလေး ဆိုင်ကယ်ပြိုင်ကွင်းဘက် သွားတယ်လို့  သတင်းပို့လာပါတယ်၊ စုံစမ်းကြည့်ခိုင်းတော့ ပြိုင်ပွဲ ရှိတယ်လို့ ပြောလာပါတယ်''

'' ခုမနက် ချိန်းထားတာ တွေ ဖြတ်လိုက်၊ ကလေးဆီ သွားမယ်...ပိုင်ဦး...''

'' ဟုတ်ကဲ့ Boss. ..''

အရှေ့မှထွက်သွားသော Boss နောက်ကိုလိုက်ရင်း ခုမနက် ချိန်ထားသည်များကို ဖုန်းဆက်ပြီး cancel လိုက်သည်။ အတွင််းရေးမှုးအဖြစ် အကြာကြီး မြဲချင်ရင် ကိုယ့်Boss မျက်နှာအရိပ်အကဲကို ကြည့်တတ်ရသည်။

အကိုလေးက Boss အတွတ် အရမ်းအရေးပါတဲ့သူဆိုတာ ရိပ်မိတာကြောင့်
Boss ခိုင်းသည့်အတိုင်း အထွန့်မတတ်ပဲ လုပ်ခြင်းဖြစ်သည်။ Boss က အသက်ကလဲ ၃၀ မပြည့်သေး၊ တကိုယ်တည်းသမားကလဲ ဖြစ်၊စီးပွားလဲ အရှာတော်သည်မို့ ပျိုမဒီတွေ ၊ သမက် တော်ချင်သူတွေ
ဝိုင်းဝိုင်းလည်နေသည်မှာ Boss ကွေးနေမှန်းသိရင် ရင်ထုပြီး ငိုကြမလားမသိ။

တိုင်း ပြိုင်ကွင်းထဲရောက်တော့ ပရိတ်သတ်ရှိရာဘက် သွားလိုက်သည်။ပရိတ်သတ်အများစုမှ မိန်းကလေး တွေ ဖြစ်ပြီး ကြက်တူရွေးတွေလို တတွတ်တွတ်ပြောနေကြသည်မို့ လူရှင်းတဲ့ နံဘေးဘက်ကို သူ ကပ်ရပ်လိုက်သည်။

ဆိုင်ကယ်စစ်ဆေးပေးနေတာကို စောင့်ရင်း leather biker suit အဖြူရောင်နဲ့ helmet အဖြူရောင်ကို
သေချာ ဝတ်လိုက်သည်။ သူ့ပြိုင်ဘီးက အဖြူရောင် ဖြစ်သည်မို့ fashion ကျစွာ အဖြူရောင်ဝတ်စုံကို Sweety ဝတ်လေ့ရှိ၏။

သူအဝတ်လဲပီး ထွက်လာတော့ အရှေ့မှာ ထိုင်နေတဲ့ ဟန်သာက
လက်ရက်လှမ်းခေါ်သည်မို့ အနားကို သွားလိုက်သည်။

'' Sweety... မင်းလူကြီးကို ငါတွေ့လိုက်တယ်..''

'' ဘယ်မှာလဲ...''

'' ဟိုးပရိတ်သတ်မိန်းကလေးအုပ်စုနဲ့ ခပ်ခွာခွာမှာ ရပ်နေတဲ့ လူတစ်စုတွေ့လား...''

ဟန်သာ ညွှန်ပြရာ ပရိတ်သတ်အုပ်ထဲ ကြည့်လိုက်မိတော့ အစွန်ဘက်ကို ကပ်နေသော အရပ်ရှည်ရှည်နဲ့ထင်းထွက်နေသူကြီးကို တွေ့လိုက်ရသည်။

မနက်ခင်းချိန်ခါမို့ နေရောင်အောက်မှာ ကာကီရောင် Suit ကို ဝတ်ဆင်ထားတဲ့ ဦးဟာ ခန့်ညားချောမောနေသည်။ ဘေးက မိန်းကလေး တွေကလဲ ဦးရှိရာဘက် မသိမသာ ခဏခဏ လှည့်ကြည့်နေသည်မို့ သူ့စိတ်ထဲ သဝန်တိုစိတ်တွေ ဝင်လာခဲ့ရသည်။

  ပြန်လည် မွေးဖွားပြီးနောက် အချစ်အား ရယူခြင်း (completed) Where stories live. Discover now