နတ်ဆိုးရဲ့နှောင်ကြိုး season 2

976 49 5
                                    

နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.1

🧡❤️💛💚💙💜🖤♥️

..... အထူးကုဆေးရုံ ..

ဆေးရုံဆိုပေမယ့် အချိန်က
ည သန်းခေါင်ကျော်အချိန်ဆိုတော့ 
ည ဂျုတီတာဝန်ကျနေတဲ့ ဆရာဝန်
သူနာပြုတွေကလွဲပြီး ဆေးရုံတခုလုံး
တိတ်ဆိတ်နေတယ်  ..

ခွဲစိတ်ခန်းတခုရဲ့  အပြင်ဘက် ‌စကြံမှာတော့
ဟိုဘက် ဒီဘက် ခေါက်တုံ့ခေါက်ပြန် ‌
လမ်းလျှောက်နေတဲ့  အသက် ၄၀ အရွယ် ‌
အမျိုးသားတစ်ယောက်  ..

လက်ကနာရီကို ကြည့်လိုက် ခွဲခန်းထဲ
လှမ်း ကဲကြည့်လိုက်နဲ့ ကိုတန်ခယ်
မျက်နှာပေါ်စိုးရိမ်စိတ်အပြည့်နဲ့ ဖြစ်နေတယ်

အသက်သုံးဆယ်ကျော်မှ
ဖူးစာစုံပြီး ကိုတန်ခယ်
မခမ်းနွယ်နဲ့ အိမ်ထောင်ကျခဲ့တယ် ..

အိမ်ထောင်ကျပြီး သူရော မခမ်းနွယ်ပါ
ကလေးလိုချင်ပေမယ့် မရခဲ့ကြ ..
တဖြေးဖြေး  နှစ်ယောက်လုံး
အသက် ၄၀ နီးလာတော့
ကလေးမရနိုင်တော့ဘူးဆိုပြီး သူတို့လင်မယားစိတ်လျော့ထားခဲ့ကြတာ..

ဒါပေမယ့်
အသက်ကြီးမှ ကိုတန်ခယ် ကံပေါ်လာတယ် ..
မခမ်းနွယ်မှာ သန္ဓေတည်နေတဲ့ လက္ခဏာ
ပြလာခဲ့တယ် ..

အသက်ကြီးကိုယ်ဝန်ရလာတော့ သူတို့ မယုံရဲ
ယုံရဲနဲ့ ဆေးရုံမှာ စစ်ဆေးကြည့်ခဲ့ကြတယ် ..

တကယ်ပဲ
မခမ်းနွယ်မှာ ကိုယ်ဝန်ရှိနေခဲ့တယ် ..

မခမ်းနွယ်လက်ကိုင်ပြီး ကိုတန်ခယ်
ခုန်ပေါက်မတပ် ပျော်ရွှင်ခဲ့ရတယ် ..

အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရတော့
ဇနီးသည်အတွက် စိုးရိမ်မိသလို့
ကိုယ့်ရင်သွေးကိုလည်း
ကိုတန်ခယ် လိုချင်ခဲ့မိတယ် ..

" ကျမတို့ကံထိုက်လို့ ဒီအသက်ရောက်မှ
ရလာတာ ကျမ မွေးချင်တယ် "

မခမ်းနွယ်ကိုယ်တိုင်က စိတ်အားသန်နေတော့
ကိုတန်ခယ်တို့ ရင်သွေးလေးကို မရရအောင်
ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်  ..

ကိုးလလွယ် ဆယ်လရောက်လို့ မခမ်းနွယ်
မီးဖွားချိန် ရောက်လာတော့တယ်  ...

နတ်ဆိုးရဲ့နှောင်ကြိုး season 2Where stories live. Discover now