နတ်ဆိုးရဲ့နှောင်ကြိုး season 2

389 40 3
                                        

နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.10

🧡❤️💛💚💙💜🖤♥️

အခြေအနေ အားလုံးကို Gulf
သဘောပေါက်သွားတယ် ..

" ဘယ်သူဆိုတာ ကျတော် သိပြီ P'Sam .
P'MEW သွားတဲ့ လိပ်စာ ကျတော့်ကို
ပို့လိုက်ပါ .
အစ်ကို ရဲစခန်းကို အကျိုးအကြောင်း
ပြောပြပြီးနောက်က လိုက်ခဲ့လိုက် .. "

" မဲ့ ကျတော်
အရေးကြီးလို့ အပြင်သွားအုန်းမယ်

Gulf ကားသော့ယူပြီး အိမ်ကနေ
အမြန်ထွက်လာခဲ့လိုက်တယ် ..

အဲဒါကြောင့် မနေက Faitမျက်လုံးတွေ
ဂဏှာမငြိမ် ဖြစ်နေတာ သူ မဟုတ်တာ
လုပ်ထားလို့ကို ...

Gulfခုမှပဲ အရာအားလုံးကို ရိမ်မိတော့တယ်

သူ့ဆီလာတာလည်း တကယ်တော့
ဘာကိစ္စမှရှိမှာမဟုတ်
ဒီလိုလုပ်ချင်လို့ အကြောင်းပြချက်ရှာပြီး
အိမ်အထိ လာတာ ..

P'MEW တခုခု ဖြစ်ရင်တော့ ငါ မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး Fait !!

တောက် !

Gulfရဲ့ ကားလေးကတော့
MEW‌ရှိတဲ့နေရာကို
အပြေးအလွှား သွားနေတော့တယ် ..

" Gulf , Gulf ... "

Sam စကားပြန်ချိန်တောင်မရလိုက်
Gulf ဖုန်းချသွားတော့တယ် ..

" Pui Fai
ငါ ကိစ္စတခုရှိလို့ အပြင်သွားအုန်းမယ်

ဧည့်သည်လာရင် နင် ကြည့်ပြီး
စကားပြောထားလိုက်
နင်လည်း နားလည်နေတာပဲ .. "

Sam လည်း အချိန်ဆွဲမနေတော့ပဲ ချက်ခြင်း
ကားသော့ ယူပြီး ထွက်လာခဲ့‌လိုက်တယ် ..

" အဲဒီအတိုင်းပါပဲ ခင်ဗျ "

နီစပ်တဲ့ ရဲစခန်းတခုကို Sam ဝင်အကျိုးအကြောင်း ရှင်းပြပြီး အကူအညီ
တောင်းလိုက်တယ် ..

" ဟုတ်ကဲ့ ကျတော့်တို့ အဲဒီနယ်မြေက
တာဝန်ရှိသူတွေကို ခုပဲ ဆက်သွယ်ပြီး
လှုပ်ရှားခိုင်းလိုက်ပါမယ် .. "

ရဲအရာရှိက ပြောပြီးတာနဲ့ ဖုန်းကောက်
နှိပ်လိုက်တယ် ..

" အဲဒါ သတင်းတိုင်ကြားထားလို့
ဆရာတို့ဘက်က အမြန်ဆုံး
ဆောင်ရွက်ပေးဖို့ပါ
ကျတော်တို့လည်း မကြာခင် ရောက်မှာပါ"

နတ်ဆိုးရဲ့နှောင်ကြိုး season 2Where stories live. Discover now