နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.9
🧡❤️💛💚💙💜🖤♥️
ပိတ်ရက် ရောက်တာနဲ့ MEWမိဘတွေနဲ့အတူ
Gulf တို့ အိမ်ကို ရောက်လာခဲ့ကြတယ် ..
Gulf အလယ်တန်းလောက်တည်းက
MEWမိဘတွေနဲ့ ခင်မင်လာကြတာဆိုတော့
စကားတွေ ပလ္လင်ခံနေစရာမလိုပဲ လိုရင်းသာ
ပြောလိုက်ကြတယ် ..
နှစ်ဘက်လူကြီးတွေ စကားပြောဆိုပြီးတာနဲ့
သူ လုပ်ချင်တဲ့ ရက်ကို MEW မိဘတွေ ပြောပြလိုက်တယ် ..
" သားတို့ စိတ်တိုင်းကျရင် ပြီးတာပဲ
Gulfရောအိုကေရဲ့လား "
" ဟုတ် မာမီ P'MEW သဘောပါ "
" အိုကေ အိုကေ အဲဒါဆို မာမီတို့ မိတ်ဆွေ
တရားသူကြီးကို အကြောင်းကြားထား
လိုက်တော့မယ် .."
နေ့လည်လောက်ရောက်တော့ ဦးတန်ခယ်နဲ့
ဒေါ်ခမ်းနွယ်တို့ ပြန်သွားကြတယ် ..
"Gulf နဲ့
ပြောစရာရှိသေးလို့ သားနေခဲ့အုန်းမယ်"
MEW မိဘတွေ ပြန်သွားကြပေမယ့်
သူကတော့ဖိတ်စာကိစ္စ တခြားကိစ္စတွေ
ပြောစရာ ရှိသေးတာနဲ့ Gulfအိမ်မှာ
ကျန်ခဲ့လိုက်တယ် ..
" ဖိတ်စာကို ဒီလိုလေး ...
" P' အဖြုရောင်မဟုတ်ပဲ
နို့နှစ်ရောင် ဆိုရင် ကောင်းမယ် .. "
နောက်ဆုံး Gulf စိတ်ကြိုက်အရောင်လေးပဲ
MEW တို့ ရွေးခဲ့လိုက်ကြတယ် ..
တစ်ပတ်လောက် ကြာတော့
သူတို့ ဖိတ်စာတွေရလာကြတယ် ..
နှစ်ယောက်သား ဖိတ်စာ တကိုင်ကိုင်နဲ့ သဘောကျသွားကြတယ် ..
ဖိတ်စာ လေးငါးစောင်လောက် ကုမ္ပဏီယူသွားဖို့ MEW ဖယ်ထားလိုက်တယ် ..
ရုံးအရှေ့မှာ ကားရပ်ပြီး ဆင်းလာတဲ့ MEWကို Sam ရပ်ကြည့်နေလိုက်တယ် ..
" Morning .. "
" ဘယ်လိုဖြစ်နေတာလည်း မျက်နှာက
ထီပေါက်လာတာလား "
ဘာမှမပြောပဲ Samပုခုံးကို MEW ဖက်ပြီး
ကုမ္ပဏီထဲ ဝင်လာခဲ့လိုက်တယ် ..
" ရော့ မင်း ပထမဆုံးပဲ "
" Wow Wow Wow !!!!..
MEW ကမ်းပေးတဲ့ ဖိတ်စာကို ကြည့်ပြီး
Samလက်ခုပ်လက်ဝါး တီးလိုက်တယ် ..
ESTÁS LEYENDO
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
