နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.4
🧡❤️💛💚💙💜🖤♥️
" အဲဒါ မင်းနဲ့တွေ့တိုင်း ကိုယ့်နှလုံးခုန်သံက
အဲလိုဖြစ်လာတာ ..
မင်းက ကိုယ် ခုမှ သိတာမျိုးမဟုတ်ပဲ
ကိုယ့်ရဲ့ဟိုး အထဲမှာ နက်နက်ရှိုင်းရှိုင်း
ရှိနေတဲ့သူလိုခံစားရတယ် ..
ပြီးတော့ မင်းအပေါ် ကလေးကိုမုန့်ဝယ်ကျွေးရုံသက်သက် ခံစားချက်မဟုတ်ဘူး ..
ဒီထက် အများကြီးပိုတယ် ..
အခုချိန်မှာ မင်းကို ကိုယ့်အချစ်တွေပြဖို့
ငယ်သေးတယ် ..
ကိုယ် ဒီလောက်ပဲ ပြောမယ်နော် ..
ဒီထက် မင်း အရွယ်ရောက်လာရင်
ကိုယ် ဒီထက်ပိုပြီး ထပ်ပြောမယ် ..
ကိုယ်ပြောတာ Nong သဘောပေါက်လား "
" ဟုတ်ကဲ့ "
" ဒါဆို Gulfကရော "
သူလည်း ဘာထူးလို့လည်း MEW ပြောသလို
ခံစားနေရတာ ..
ဒါပေမယ့်
သူလို ကောင်လေးတစ်ယောက်ကို!!
" ဟမ် ! Gulf ပြောလေ " ..
" ကျတော်က ခုမှ အလယ်တန်းအရွယ်ရောက်ကျောင်းပြီးဖို့ဆိုတာ
နှစ်တွေအကြာကြီး စောင့်ရအုန်းမှာ .. "
" အဲဒီတော့ !!
" P'MEWဘက်ကလည်း ပြောင်းလဲနိုင်သလို
ကျတော့်ကိုလည်း စိတ်ပျက်လာနိုင်တယ် ..
" ကိုယ်က ဘာကြောင့်
မင်းကို စိတ်ပျက်လာရမှာလည်း "
" ကျတော်ပြောင်းလဲ... သွားရင် ... ဘယ် "
" ငါ လိုက်သတ်မှာ " ...
" P'MEW .. "
" ငါက မင်းကို ဟိုအရင်ထဲက ချစ်လာရတာ
စောင့်ရှောက်လာတာ ..
ခုလည်း မင်းဘဝတလျှောက်လုံးစောင့်ရှောက်မှာ
မင်းဘက်က ပြောင်းလဲရင်တော့ ငါသတ်မှာ
မင်းကိုလည်း သတ်မှာ
ငါ့ကိုယ်ငါလည်းသတ်မှာ"
အံကြိတ် လက်သီးဆုပ်ပြီး ပြောလိုက်တဲ့
MEW အသံက အေးစက်စက်နဲ့
ကြက်သီးထစရာကောင်းတော့တယ် ..
" P'MEW ..
အသံတိုးတိုးနဲ့ သူ့ကို ထိတ်လန့်သလို
ကြည့်နေတဲ့Gulf အသံကြားမှ
MEW သတိပြန်ဝင်လာတယ်
ESTÁS LEYENDO
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
