နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.5
🧡❤️💛💚💙💜🖤♥️
" Hello .. ကျတော့် ကား ... အဲဒါ .. "
" ဟုတ်ကဲ့ .... .. ကျောင်းနားမှာပါ "
" ခဏစောင့်ရအောင်နော် Gulf ကုမ္ပဏီက
လူတွေဒီအနားမှာ ရောက်နေတယ်တဲ့ "
" ဟုတ် ရတယ် P' .. "
တာယာကအသစ်လဲထားတာ မကြာသေး
လေစိမ့်တာတော့ လုံးဝမဖြစ်နိုင် ..
ဒါဆို ဘယ်သူကများ ..
ကားလာယူတာ စောင့်နေရင်း
MEW တွေးနေမိတယ် ..
ဟုတ်သားပဲ ကားမှာ blackbox ရှိနေတာ
သူ ပြန်ကြည့်ရင် ရတာပဲ ..
နောက်မှပဲ MEW ပြန်ကြည့်ဖို့
စိတ်ကူးလိုက်တယ်
" ကျတော်တို့
ပြီးရင် ဆက်သွယ်လိုက်ပါမယ် ..
ကားလာယူတဲ့ သူတွေ ရောက်လာတာနဲ့ အကျိုးအကြောင်းပြောပြ ကားသော့ပေး
ပြီးတာနဲ့ MEW တို့ ကားငှားလိုက်တယ် ..
MEW အချိန်ကြည့်လိုက်တော့ တစ်နာရီ
နီးပါးလောက် အချိန်ကကုန်သွားတယ် ..
" Hello .. ဒေါ်ကြီး "
" Nong ပင်လယ်စာနဲ့ မတည့်ဘူးမလား "
သူ့အိမ်ကို ဖုန်းခေါ်ရင်း
Gulfကို MEWလှည့်ပြီးမေးလိုက်တယ် ..
" ဟမ် ! ဟုတ်တယ် P' "
Gulf အံ့အားသင့်သွားတယ် .. !!!
သူ ပင်လယ်စာနဲ့ဓာတ်မတည့်တာ
MEW ဘယ်လိုသိတာလည်း
Gulf အံဩသွားတယ် ..
" ဟုတ် အိမ်မှာ ဒီနေ့ဘာချက်လည်း "
" အော် ဟုတ်လား အဲဒါဆို နောက်ထပ်
အသီးအရွက်တခုခု ကြော်ထားပေးပါနော် ..
" မင်း ဗိုက်ဆာနေမှာ အိမ်မှာ
ထမင်းစားရအောင်"
ထမင်းစားတာက အရေးမဟုတ် ..
သူ ဘာမစားဘူးလည်း MEWသိနေတာအရေး .
" P'MEW ကျတော် ပင်လယ်စာနဲ့
မတည့်တာ ဘယ်လိုသိလည်း "
" ဟင် မသိပါဘူး ကိုယ်ပြောလို့လား "
" P'MEW ခုလေးပဲ ပြောလိုက်တာလေ "
Gulf ကို သူမဟုတ်သလို ငြင်းနေပေမယ့်
သူကိုယ်တိုင်လည်း အဲလိုပြောထွက်သွားတာ MEW အံအားသင့်နေတယ် ..
BẠN ĐANG ĐỌC
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
