နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Extra..
🧡❤️💛💚💙💜🖤♥️
Pui Fai သူတို့ အခန်းထဲဝင်လာတာနဲ့
စကားဖြတ်လိုက်ကြတယ် ..
" လာ Pui Fai .. "
" ဟိုအလုပ်ကိစ္စ အဆင်ပြေသွားပြီ MEW ..
အဲဒါ ညနေကို သူတို့ဘက်က စာချုပ်ချုပ်မယ် ပြောနေတယ် အဲဒါနင် အဆင်ပြေလား
MEWနဲ့ Samတို့ ထိုင်ရာက ထပြီး အားရဝမ်းသာလက်ဝါးခြင်းရိုက်လိုက်
ကြတယ် ..
" အိုကေ ရတယ် Fai .. ငါ ဘက်ready ပဲ
နင့်ကိုတော့ ညစာကောင်းကောင်းနဲ့
ဧည့်ခံရမယ်"
ညနေ ရုံးဆင်းချိန် မရောက်ခင်မှာပဲ
MEWတို့ အလုပ်ကိစ္စ လက်မှတ်ထိုးပွဲ
လုပ်လိုက်ကြတယ်
" ကျေးဇူးပါ Mr. William ကျတော်တို့ ကောင်းကောင်း လက်တွဲသွားကြတာပေါ့ "
အလုပ်ကိစ္စ လက်မှတ်ထိုးပြီးတာနဲ့ MEW တို့
လက်ဆွဲ နှုတ်ဆက်လိုက်ကြတယ် ..
အားလုံးပြီးလို့ MEW အိမ်ပြန်တော့ Gulfတောင် အိမ်ပြန်ရောက်လို့နေပြီ ..
" P'MEW ဒီနေ့ နောက်ကျတယ်နော် "
ဧည့်ခန်းမှာ စာအုပ်တွေ အလုပ်ရှုပ်နေရင်း
MEW ဆီ Gulf လျှောက်လာပြီး လက်ထဲက အိတ်ကို လှမ်းယူလိုက်တယ် ..
" ဟုတ်တယ် Nong ကြာပြီလား ရောက်တာ "
ရေချိုးပြီး လန်းဆန်းနေတဲ့ Gulf ပါးပြင်ကို
သူ ရွှတ်ခနဲ့ လှမ်း နမ်းလိုက်တယ် ..
" ဟာ P' ..
ညစ်ပတ်တယ် ရေသွားချိုး "
သူ့ကိုနှာခေါင်းရှုံ့သလို လုပ်ပြနေတဲ့
Gulf မေးစေ့လေး ကိုင်ပြီး MEW အခန်းထဲ
ဝင်ခဲ့လိုက်တယ် ..
Gulf ရယ်ရင်း
သူ့အလုပ် သူ ပြန်လုပ်လိုက်တယ်
ဒီအလုပ်မှာ Gulf လုပ်လာတာ
လုပ်သက် နှစ်နှစ် ပြည့်တော့မယ် ..
လုပ်သက် နှစ်နှစ်ပြည့်တဲ့သူတွေ သတင်းကြေငြာရာထူးတိုး ဖြေလို့ရတယ် ဆိုတာနဲ့ ..
Gulf ဒီရက်ပိုင်း အလုပ်မှာလည်း
ကိုယ့်အထက် ရာထူးကြီးတဲ့သူစီ
လိုအပ်တာ မေးမြန်း ..
သူတို့ ပြောတဲ့ အကြောင်းအရာတွေ လိုက်ရှာ
စာတွေပြန်ဖတ်နဲ့ MEW ကိုတောင် သူ
အချိန်မပေးနိုင် ဖြစ်နေရတယ် ..
ESTÁS LEYENDO
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
