နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.8
🧡❤️💛💚💙💜🖤♥️
ရုတ်တရက် Pui Fai အခန်းထဲဝင်လာတာနဲ့
MEWနဲ့ Sam တို့လည်း သူတို့ ရယ်နေတာ
အရှိန်သပ်လိုက်ကြတယ် .." ဘာလည်း Pui Fai "
Pui Fai ကို MEW လိုရင်းပဲ မေးလိုက်တယ် .
" အော် ငါတို့ ... လမ်းမှာဆောက်နေတဲ့
တိုက်ပိုင်ရှင်ကသူ့ အိမ်တွင်းပြင်ဆင်တာတွေ
လုပ်ချင်လို့ အဲဒါ ကုမ္ပဏီဘက်က
လာကြည့်ပြီးအကြံပေးလို့ရမလား တဲ့ "" ရပါတယ် ခက်တာမှမဟုတ်တာ
ငါ သွားကြည့်လိုက်မယ် .." MEW မင်း.... အိမ်ယာကိုလည်း
သွားရအုန်းမယ်နော် ငါ သွားလိုက်ရမလား "" နေနေ Sam မင်း ရုံးမှာရှိနေမှဖြစ်မှာ ..
ပစ္စည်းတွေ လာချဖို့ ရှိသေးတယ်မလား
ငါ တဆက်တည်း ဝင်လိုက်မယ် "" Pui Fai အဲဒါပဲ မဟုတ်လား အဲဒါဆို
Sam ငါ အရင်သွားပြီ "အလုပ်ကိစ္စအကြောင်း ပြောဆိုပြီးတာနဲ့
MEW တခါတည်းပဲ ထွက်ခဲ့လိုက်တော့တယ်" ဘာတွေပြောနေကြတာလည်း Sam " ..
MEW ထက်စာရင် Samက နည်းနည်း
ကပ်လို့ပြောလို့ကောင်းသေးတယ်လို့
တွေးပြီး Pui Faiထပ်မေးလိုက်တယ် ..Pui Fai ကို ကြည့်ပြီး Sam မသိမသာ
သက်ပြင်းရှိုက်လိုက်မိတယ် ..
MEW မပြောချင်လို့တမင် စကားဖြတ်ပြီး
ထွက်သွားတာသူက ပြောလို့ကောင်းပါ့မလား !!
ဒါပေမယ့်လည်း MEWနဲ့ Gulf တို့
လက်ထပ်တယ်ဆိုတာ မဟုတ်တဲ့
အကြောင်းမှ မဟုတ်တာ ..
ဒါကို သိပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့
Pui Fai ကို Sam နောက်ဆုတ်သွားစေ
ချင်တယ် .." MEWသူ့ ငယ်ချစ်နဲ့ လက်ထပ်တော့မယ် "
Pui Fai ခေါင်းထဲ ဒိန်းခနဲ့
သွေးစောင့်သွားတယ်ငယ်ချစ် ! ငယ်ချစ် ဆိုတာ မဟုတ်မှလွဲရော ..
" ဟို အလယ်တန်းကောင်လေးလား Sam "
" နင် သိလား Pui Fai "
MEW ကတော့Gulf အကြောင်း လူတကာကို
ပြောမှာတော့ မဟုတ် ..
YOU ARE READING
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......