နတ်ဆိုးရဲ့နှောင်ကြိုး season 2

451 39 2
                                        


နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.11

🧡❤️💛💚💙💜🖤♥️

အင်္ကျီစလှန်ပြီး သူ့ဗိုက်က ဓါးဒဏ်ကို
Gulf ကြည့်မိတယ် .. 

ဒီတမိုက်သာသာ ရှိတဲ့ ဓါးလေးနဲ့
ထိုးတာတောင်
သူ ဒီလောက် နာကျင်ခံစားရရင် ..

သူ့ အိမ်မက်လိုလိုထဲက  MEW ကျောကို
ထိသွားတဲ့ ဓါးချက်ဆို  ဘယ်လောက်တောင် 
နာကျင်သွားမလည်း ..

ခုထိ အိမ်မက်လိုလို
တကယ့်အဖြစ်အပျက်လိုလို
အဖြစ်အပျက်တွေက Gulfခေါင်းထဲ
စွဲထင်နေတယ်  ..

" အ !! ..

နာကျင်စူးအောင့်သွားတဲ့ သူ့ရင်ဘတ်ကို
Gulf သူ့လက်နဲ့ ဖိထားလိုက်တယ် ..

အိမ်မက်လိုလိုအကြောင်း ပြန်တွေးမိရင်း Gulfရင်ထဲက အသဲခိုက်အောင် နာကျင်
သွားရတယ် ..

" Gulf !!

" Sam  ဒါပဲနော် နောက်မှ ..

ဖုန်းပိတ်လိုက်ရင်း Gulfအနား MEW လှမ်းသွားလိုက်တယ် . 

" ဘာဖြစ်လည်း Nong .. ဘာဖြစ်လည်း "

သူ့ရင်ဘက်ကို သူ့ဖိထားတဲ့ Gulfလက်ကို
MEW စိုးရိမ်တကြီး ကိုင်ထားလိုက်တယ် . 

" ဒဏ်ရာ ဒဏ်ရာ နာလို့လား

ကိုယ် ဆရာဝန် ခေါ်လိုက်မယ် နေအုန်း

ဆရာမ  ! ဆရာမ ! .. "

" P', P'MEW .. "

စိုးရိမ်စိတ်များပြီး ပျာယာခပ်နေတဲ့
MEWလက်ကို Gulf ဆွဲ ထား လိုက်တယ် .  ..

" ကျတော် ဘာမဖြစ်ပါဘူး
ဟိုလေ  ဗိုက်ဆာလို့ "

" ဘာဖြစ်တယ် "

" ဗိုက်ဆာတာ  !!

Gulf ရဲ့ ရှက်တက်တက် မျက်နှာကို ကြည့်ပြီး
MEW သက်ပြင်းချ ပြုံးလိုက်မိတယ် ..

" အဲဒါတော့ သည်းခံပါအုန်းကွာ နောက်ရက်
ကိုယ် ဆရာဝန်မေးကြည့်ပေးမယ် နော် " ..

ဗိုက်အဆာမခံနိုင်တဲ့ ကောင်လေး ..

ဗိုက်ဆာရင် သည်းမခံတတ်တဲ့ကောင်လေး ..

ခုတော့ ငါးရက် တစ်ပတ်လောက် ဘာမှ
စားလို့မရတော့ ..

Gulfမျက်နှာလေးကြည့်ပြီး သူ စားချင်တာ
မှန်သမျှ  ကျွေးလိုက်ချင်တဲ့ စိတ်သာ
MEW ဖြစ်သွားမိတော့တယ် ..

နတ်ဆိုးရဲ့နှောင်ကြိုး season 2Tempat cerita menjadi hidup. Temukan sekarang