နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.12
🧡❤️💛💚💙💜🖤♥️
" ခင်ဗျာ ! ဟုတ်လား ကျတော်လာခဲ့ပါမယ် "
ကိုယ်တိုင်ကလည်း တရားဥပဒေရဲ့ စည်းကမ်းအတိုင်းလိုက်နာပြီး
တစ်ဘက်က နစ်နာသူ MEW နဲ့
Gulf တို့ကလည်း အမှု့ကြေအေးထားတာ
ဆိုတော့ ..
နောက်နောင် ဒါမျိုးမကျုးလွန်ပါဘူးဆိုတဲ့
ခံဝန်လက်မှတ်ထိုးကာ Fait ရဲ့ ပြစ်ဒဏ်က အာမခံဒဏ်ကြေးနဲ့လွတ်ငြိမ်းခွင့် ရလာ
ခဲ့တယ် ..
ဒီလိုပြသာနာတွေဖြစ်ပြီးနောက်ပိုင်း
Faitမိဘတွေကတော့ ပထမတော့
လူကိုယ်တိုင်လာခဲ့ကြပေမယ့် ..
သူ ဆေးရုံတက်နေရတဲ့ နောက်ပိုင်း ငွေကြေးပံ့ပိုးတာကလွဲပြီး မလာကြတော့တယ် ..
Pui Fai ကတော့ အလုပ်ပိတ်ရက်
တစ်ခါတစ်လေတော့ Fait ဆီ ရောက်လာ
ခဲ့တယ် ..
Leo ကလည်း အပတ်တိုင်း Faitဆီသွားတယ်
Leo နာမည်ကိုခေါ်ပြီး နောက်ပိုင်း Fait အခြေအနေလည်း အနည်းအကျဉ်း
တိုးတက်စပြုလာတယ် ..
အများကြီးမဟုတ်တောင် တချို့တဝက်ကို
ပြန်သိလာ မှတ်မိလာခဲ့တယ် .
ဆေးရုံရဲ့ တာဝန်ရှိသူကိုလည်း
အကြောင်းတခုခုရှိလာရင် သူ့ကို အကြောင်းကြားပေးပါဆိုပြီ
Leo အကူအညီတောင်းဆိုထားခဲ့တယ် ..
Fait ရဲ့ သတင်းကြားတာနဲ့ လုပ်လက်စ
အလုပ်တွေ ထားခဲ့ပြီး Leo ဆေးရုံဘက်
ထွက်လာခဲ့လိုက်တယ် ..
ဆေးရုံကတာဝန်ရှိသူတွေနဲ့ စကားပြော ..
အမှု့ကိစ္စတွေ ရှင်းလင်းနဲ့ Leo ကိုယ်တိုင်
တာဝန်ယူဖြေရှင်းလိုက်တယ် ..
" Fait. အမှု့ကိစ္စတွေ ဘာမှမရှိတော့ဘူး ..
မင်း နေကောင်းဖို့ပဲ ကျန်တော့တယ် ..
ဆရာဝန်တွေ ပြောတာ နားထောင်ပြီး
ဆေးမှန်မှန်သောက်ရမယ်နော် "
" အင်း " ...
သူ့ပြောတာကို ခေါင်းညိတ်နာခံလိုက်တဲ့
Fait ခေါင်းကို ပြုံးရင်း Leoပွတ်သပ်
ပေးလိုက်တယ်
အခုချိန်မှာတော့ ပြောစကားနားထောင်တဲ့
ကလေးတစ်ယောက်လို Fait လိမ္မာနေတယ် ..
သူ့ပုံစံကြည့်ပြီး Leo ပျော်ရွှင်မိတယ် ..
မတွေ့ရတဲ့ အချိန်တွေမှာ အခြေအနေတွေက ဘယ်လိုပြောင်းလဲနေနေ Fait အပေါ် ကို
သူ မပစ်ပယ်နိုင်မိတယ် ..
YOU ARE READING
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
