နတ်ဆိုးရဲ့နှောင်ကြိုး season 2

498 42 1
                                        

နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.6

🧡❤️💛💚💙💜🖤♥️

" ကျောင်းသားတွေ
နောက်တပတ်မှာတွေ့ကြမယ် "

အတန်းပြီးတာနဲ့  Gulf  စာအုပ်တွေ ကျောပိုးအိတ်ထဲ ထည့်လိုက်တယ် ..

လက်က နာရီကြည့်လိုက်တော့ MEWလာဖို့ ‌
အချိန်က စောနေသေးတယ် ..

" Gulf ဒီနေ့ ဘောလုံးကန် မလိုက်ဘူးလား "

" မလိုက်တော့ဘူး
P'MEW နဲ့ လိုက်သွားမလို့ "

Gulf ကို ပိုရန်ကောဆိုတဲ့ အမူအရာမျိုးနဲ့
Champ သူ့မျက်နှာ မဲ့ပြလိုက်တယ် ..

" ဟား ဟား  "

အလယ်တန်းကနေ တက္ကသိုလ်ရောက်တဲ့ အထိGulfနဲ့ Champ ကျောင်းအတူတူ
ဖြစ်ခဲ့ကြတယ်

Faitနဲ့ Leo ကတော့ တက္ကသိုလ်တူပေမယ့်
မေဂျာချင်း မတူတော့ပေ ..

Leoကတော့ Gulfတို့ဌာနဘက်
တစ်ခါတစ်လေမှလာတတ်ပေမယ့် ..
Faitကတော့ ခဏ ခဏ လာတတ်လွန်းလို့
Gulf စိတ်ပျက်မိတယ် ..

ပြီးတော့ အလယ်တန်းပြီးလို့
သူအိမ်မှာရှိနေတုန်း
Champ ဖုန်းဆက်လာခဲ့တယ် ..

" စာမေးပွဲနောက်ဆုံးနေ့က မင်းရဲ့
P'MEWကားကို Fait အချွန်နဲ့ ထိုးနေတာ
ငါမြင်လိုက်ရတယ် Gulf .. "

Gulf အဲဒီတုန်းက အဖြစ်အပျက်ကို
မှတ်မိလိုက်တယ် ...
ဒါပေမယ့် MEWဘာမှ သူ့ကို ပြန်မပြောခဲ့ ..

အဲဒီအချိန်တည်းက P'MEW အပေါ်
Fait ရန်လိုတဲ့ စိတ်ရှိနေတာ Gulf သိလိုက်
မိတယ်

ဒါပေမယ့် သူလည်း ပြသာနာလုပ်မနေတော့
သို့ပေမယ့် Fait ကို Gulf သတိထား ဆက်ဆံ
ခဲ့ လိုက်တယ် ..

တက္ကသိုလ်ရောက်တော့
Faitနဲ့ မေဂျာမတူဘူးဆိုတာ သိတော့
သူ ပျော်သွားမိတယ် ..
ဒါပေမယ့် မကြာပါဘူး Fait  လာပြီး
အရင်လိုပဲသူ့အနား တကပ် ကပ် လာ
လုပ်တာကို Gulfစိတ်ရှုပ်ရပြန်တယ် ..

ဒါပေမယ့် အရင်လို တစ်ခန်းထဲ
မဟုတ်တာကိုပဲGulf ကျေးဇူးတင်မိတယ် ..

" ဒီနေ့ မင်း
အချစ်တော်ကြီး Fait မလာဘူးလား "

Champကို Gulf ခြေနဲ့လှမ်းကန်လိုက်တယ် ..

နတ်ဆိုးရဲ့နှောင်ကြိုး season 2Donde viven las historias. Descúbrelo ahora