နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. End ..
🧡❤️💛💚💙💜🖤♥️
" Gulf , P'MEW ..
ကျတော်တို့ မကောင်းတဲ့စိတ်နဲ့လာတာ
မဟုတ်ပါဘူး .. "
ဧည့်ခံပွဲက ဧည့်သည်တော်တော်ရှင်းနေပြီး
မိသားစုလောက်ပဲ ကျန်နေတော့ ဘယ်သူမှ
ဒီလောက် ကုန္ဒြေသိပ်မပျက်ခဲ့ကြတယ် ..
Fait ကို ရုတ်တရက် မြင်လိုက်ရတော့
Gulf သွေးကြောတွေ ဆူလောင်လာခဲ့တယ်
" Nong သူတိူ့ ဘာပြောမှာလည်း ကိုယ်တို့
အရင် နားထောင်လိုက်ရအောင် "
" လာ Fait, Leo ဒီမှာ လာထိုင်ကြ "
စားပွဲဝိုင်းတခုမှာ ထိုင်လိုက်ကြပြီး Leoအကြောင်းစုံ ပြောပြလိုက်တယ် ..
" အခု Fait စိတ်သစ်လူသစ်နဲ့ လမ်းကောင်းကို လျှောက်ဖို့ သူ ကြိုးစားနေပါတယ် ..
အဲဒါ Gulfနဲ့ P'MEW ကို သူ အပြစ်တွေ တောင်းပန်ချင်တယ်ပြောလို့ ငါ ခေါ်လာ
ပေးတာ
"ငါ့ လုပ်ခဲ့တဲ့ လုပ်ရပ်က ဘယ်လိုမှ
ခွင့်လွှတ်လို့မရတဲ့ အမှားဆိုတာ
ငါ သိပါတယ် ..
ဒါပေမယ့် မင်းနဲ့ P'MEW ကို
ငါတောင်းပန်ပါတယ်နော် Gulf ..
P'MEW ကျတော် တောင်းပန်ပါတယ်နော် "
အစတည်းကလည်း
Faitကို သူတို့ ခွင့်လွှတ်ပေးခဲ့ပြီးသား ..
လက်အုပ်ချီပြီး တောင်းပန်နေတဲ့ Fait ကို
သူတို့ဘယ်လိုလုပ် ခွင့်မလွှတ်ဘူး
ပြောနိုင်တော့မှာလဲ
" ပြီးခဲ့တဲ့ ကိစ္စတွေအားလုံး ငါရောP'MEWပါ
အိမ်မက်ဆိုးတခုလိုပဲ မေ့ထားလိုက်ကြတယ်
မင်း အခုလိုလမ်းမှန်ပေါ် ပြန်ရောက်လာတာ
သူငယ်ချင်းတစ်ယောက်အနေနဲ့
ငါ ဝမ်းသာပါတယ် ..
သူတို့ရဲ့ မဂ်လာရှိနေတဲ့ အချိန်မှာ
ဒေါသတွေ မောဟတွေနဲ့ မပူလောင်
ချင်တော့..
GulfရောMEWပါ Fait အပေါ် မေတ္တာနဲ့ပဲ
ဆက်ဆံပေးခဲ့လိုက်တယ် ..
Gulfနဲ့ MEWတို့ မဂ်လာပွဲကို ဂုဏ်ပြုပေးပြီး
ခဏအကြာတော့ Fait တို့ ပြန်သွားခဲ့
ကြတယ် ..
Gulfတို့ပွဲက ပြန်လာတဲ့ လမ်းတလျှောက်
Faitမျက်နှာကို Leo အကဲခပ်လိုက်မိတယ် ..
KAMU SEDANG MEMBACA
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fiksi Penggemarအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
