နတ်ဆိုးရဲ့နှောင်ကြိုး (Season 2) .. Vol.7
🧡❤️💛💚💙💜🖤♥️
" MEW ကားဝယ်မလို့များလား "!!!
စာရင်းဖိုင်တွဲတွေ MEWစားပွဲပေါ်
လာတင်ရင်း ကား အရောင်းပြခန်း
စာရွက်တွေ တွေ့တာနဲ့Samယူပြီး
ကြည့်လိုက်တယ် ..
သူ သိသလောက်ဆို MEW မှာ
ကားသုံးလေးစီးရှိနေတာ အဲဒီကြားထဲ အသစ်ပေါ်ရင်ကားလဲပြီး စီးတတ်သေးတာ ..
ဒါကို MEW ကားထပ်ဝယ်မလို့လား !!!!
" Sam .. စာရင်းချုပ်တွေလား "
သူ့အခန်းထဲဝင်လာရင်း Samကို မြင်တာနဲ့
လှမ်းမေးလိုက်တယ် ..
" ဟုတ်တယ် MEW ..
ဒါနဲ့ မင်း ကားဝယ်ဖို့ ကြည့်နေတာလား "
သူ့လက်ထဲမှာ ကိုင်ကြည့်နေတဲ့ ကားကြော်ငြာစာရွက်တွေကို Sam ထောင်ပြ
လိုက်တယ် ..
" အင်း ဟုတ်တယ် Nong အတွက် " ..
Gulf အတွက် ဝယ်ပေးရအောင် သူက
ကားဝယ်မစီးနိုင်တဲ့ အခြေအနေမှ
မဟုတ်တာ .
Sam နားမလည်တဲ့အကြည့်နဲ့ MEWကို
ကြည့်လိုက်တယ် ..
အဲဒါကို သဘောပေါက်လိုက်တဲ့
MEW ပြုံးလိုက်တယ် ..
" ကျောင်းပြီး ဘွဲ့ယူ လက်ဆောင် "
" ဪ !!!! ..
အာမေဋိတ် အရှည်ကြီးသာ Sam ရေရွတ်
မိလိုက်တယ် ..
မင်းကိုတော့ မနိုင်တော့ဘူး ဆိုတဲ့
အကြည့်မျိုးနဲ့Sam စားပွဲကို မှီ လက်ပိုက်ပြီး MEW ကို ကြည့်နေလိုက်တယ် ..
" What !!
MEW လက်နှစ်ဖက်မြှောက်
ပုခုံးပင့်ပြလိုက်တယ်
" လာပါအုန်း မင်းကို မေးရအုန်းမယ် "
Sam ရယ်ရင်း MEW နဲ့ အတူ ဆိုဖာခုံမှာ
ဝင်ထိုင်လိုက်တယ် ..
" မင်းတို့ ဒီအတိုင်းပဲ နေအုန်းမှာလား "
" ဒီအတိုင်း မနေလို့ " ..!!
" MEW မင်း နောက်မနေနဲ့
ငါ ဘာမေးတာလည်း မင်း သိတယ် "
" အတူနေဖို့ ငါ စဉ်းစားထားတာ
သူ အလယ်တန်းကျောင်းသား
အရွယ်တည်းက"
ESTÁS LEYENDO
နတ်ဆိုးရဲ့နှောင်ကြိုး season 2
Fanfictionအရင်ဘဝဟောင်းက Tharn နဲ့ Gulf တို့ ဘယ်လို့ ပြန်တွေ့ကြမလည်း ? ဘယ်လို အခက်အခဲတွေ ရှိလာအုန်းမလည်း ? ဆိုတာကတော့ ......
