Unicode
"ဒါကဘယ်လဲ"
သတင်းစာကိုင်ရင်း ပြောလာတဲ့ ဦးကိုကိုအသံကြောင့် စက်ခြေလှမ်းတုံ့သွားသည်။ အိမ်အပေါ်ထပ်မှ လွယ်အိတ်ပိုက်ကာ ဆင်းလာတဲ့ လင်းလဲ လှေကားမှာရပ်မိလျက်သားဖြစ်သည်။ ထို့နောက်အောက်ကို ခေါင်းတစ်ချက်ငုံ့ကြည့်လိုက်တော့ စက် က ကားသော့ကိုလက်ညှိုးဖြင့်ဝှေ့ရမ်းလိုက်ပြီး ဆိုဖာမှာထိုင်ချကာခြေထောက်ချိတ်၍ မဲ့ပြုံးဖြင့် ဦးကိုကို ကိုကြည့်နေ၏။ လင်း ရင်ပူလာပါပြီ။ ဖေဖေနဲ့ ကိုကို ထိပ်တိုက်တွေ့ ရင် လင်းဘယ်လိုကြားဝင်ဖြည်ရမလဲ စဥ်းစားမရခင်မှာပဲ အောက်ထပ်မှ စက်အသံကိုကြားလိုက်ရ၏။
"လင်းကိုကျောင်းလိုက်ပို့မလို့"
ဦးကိုကို ဖက်လက်စ သတင်းစာကိုဘေးချထားလိုက်ပြီး စက်ကိုကြည့်လိုက်တော့ ရှုတည်တည်ပုံစံက အချိုးမပြေ။ ငါမသိပဲလား မင်း လင်းကိုအကြောင်းပြပြီး အပြင်ထွက်ချင်နေတာ။ ဟိုတစ်ခါရန်ဖြစ်တဲ့ကိစ္စလဲ ဘယ်လိုဖြေရှင်းလိုက်လဲတော့မသိ။ အဲ့ဒီနောက်ပိုင်း စက်အိမ်မှာပဲ ကပ်နေတာများသည်။ အခုတော့အကြောင်းပြချက်နဲ့ အပြင်ထွက်ဖို့ကြံပြန်ပြီ။ အပြင်သွားတိုင်းလဲ ပြဿနာတစ်ခုမဟုတ်တစ်ခုပါလာခဲ့လိုက်ရမှ။ ထိုစဥ်အပေါ်ထပ်မှ လင်း ဆင်းလာ၍လွယ်အိတ်လေးပိုက်ကာ ဦးကိုကိုဘေးနားဝင်ထိုင်လိုက်သည်။
"လင်း လိုက်ပို့ခိုင်းတာဖေဖေရဲ့ကိုကိုလဲ အိမ်ထဲမှာအမြဲနေရတော့မွန်းကြပ်မှာပေါ့ အဲ့တာကြောင့်လင်းကိုအကြိုအပို့လုပ်ခိုင်းလိုက်တာ ဒီလောက်တော့ရတယ်မလား"
လင်းကိုကြည့်လိုက်ရင်း စက်ပြုံးလိုက်သည်။ ဒီကောင်မလေး ဒီလိုနေရာမျိုးဆို အားကိုးလို့ရတာဖြစ်၏။ပထွေးဖြစ်သူကိုတော့မုန်းပေ
မယ့် ညီမဖြစ်သူကိုတော့တစ်ဝမ်းထဲကျွတ်တာဖြစ်သောကြောင့်ချစ်ပါသည်။သို့သော်ထုတ်တော့မပြပါ။ ဦးကိုကိုသမီးဖြစ်သူစကား
ကြောင့် ခေါင်းငြိမ့်လိုက်တာနဲ့ စက် ချာခနဲလှည့်ထွက်ပြီး ကားပေါ်ဝင်ထိုင်လိုက်၏။ စကားမပြောရလေ သူ့အတွက်ကောင်းလေ။ ဖေဖေ့ကိုပြောပြီးတာနဲ့လင်းမတ်တပ်ထရပ်လိုက်တော့
YOU ARE READING
My Weird Husband [ Completed ]