Part 11(U&Z)

9.2K 454 7
                                    

Unicode

အိပ်ရာမှနိုးလာတာတော့ အခန်းထဲကို တစ်ချက်ကြည့်လိုက်ပြီး နာရီကိုကြည့်လိုက်သည်။ ထိူ့နောက်ချက်ချင်းကုတင်ပေါ်ကဆင်းလိုက်တာနဲ့ လူကမိုက်ခနဲဖြစ်သွားကာ မှန်တင်ခုံကို လက်ဖြင့်ထောက်လိုက်မိသည်။

"တုတ်ကြီးဘယ်ရောက်နေလဲ"

ဦးကိုကို ခေါ်သံကြောင့် ကိုတုတ်ကြီး ဟင်းချက်နေရင်း အခန်းထဲအပြေးလာကာ ဦးကိုကို ကိုကြည့်လိုက်ပြီး ရွှင်ပြသောအမူအယာဖြင့်

"ဆရာ နိုးလာပြီလား၊ ကျွန်တော် ဆရာ့အတွက်ဆန်ပြုတ်လေးပြုတ်ပေးထားတယ်ဆရာ "

"ဆန်ပြုတ်က အရေးမကြီးဘူး တုတ်ကြီး အခုချက်ချင်း အဝတ်ထုတ်ပြင်ပြီးမကွေးတက်ဖို့ပြင်"

ဦးကိုကို၏ အမိန့်သံကြောင့် ကိုတုတ်ကြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။အခုတင်သတိရတယ်၊ အခုပဲ မကွေးသွားဖို့ပြောနေတယ်၊ nurseက အနားယူခိုင်းဖို့ပြောထားတာဖြစ်တာမို့ ကိုတုတ်ကြီး တားဖို့ ဟန်ပြင်လိုက်တာနဲ့  ဦးကိုကိုက ကိုတုတ်ကြီးကို စူးရဲစွာတစ်ချက်ကြည့်ပြီး တက်ခေါက်လိုက်ကာ

"စက်ရာရှိန်လင်း ခိုးပြေးသွားလို့တဲ့"

"ဗျာ! စက်ရာ မိန်းမခိုးပြေးသွားတာလား ၊ ဒီကောင်လေး မိန်းမ မယူနိုင်ဘူးလဲပြောသေးတယ် ၊ လိုချင်တော့လဲ မြန်မြန်ဆန်ဆန်ကြီးပါ့လား"

အလိုက်မသိပြောလာတဲ့ ကိုတုတ်ကြီးစကားကြောင့် ဦးကိုကို ဒေါသပင် ပိုထွက်လာကာ

"မိန်းမခိုးပြေးတာမဟုတ်ဘူး၊ ခွေးကောင်ကယောက်ျားခိုးပြေးတာတဲ့...ငါကွာ! တောက်!အဲ့ဒီကောင်ကို အသေသတ်မယ် ၊ တုတ်ကြီး မင်းလဲ ဒီ့ထက်ပိုပြီးမမေးနဲ့ အထုတ် ပြင်ဆိုပြင်လိုက်"

"ဟုတ်ကဲ့ဆရာ"

ကိုတုတ်ကြီး သုတ်သုတ်ပြာပြာထွက်သွားတော့မှ ဦးကိုကို မှန်တင်ခုံကို လက်ဖြင့်ရိုက်ချလိုက်သည်။ စက်ရာ!မင်းငါ့ကို ဒီလောက်ထိ သိက္ခာချဖို့ ပြင်ဆင်ခဲ့တာလား။ အသိုင်းအဝိုင်းတွေကြားမှာ ငါဘယ်လိုမျက်နှာပြရတော့မလဲ။ဒေါသကြောင့် ဦးကိုကို အသက်ရှူသံများပြင်းကာ နားထင်သွေးကြောများပင်ထောင်ကားနေသည်။

My Weird Husband [ Completed ]Tahanan ng mga kuwento. Tumuklas ngayon