Part 14(U&Z)

8.8K 412 3
                                    

Warning🚨 Mature Scenesများပါဝင်သဖြင့်
Mature Scenes မကြိုက်သူများနှင့် ၁၈နှစ်အောက်များ ဖတ်ရန် လုံးဝလုံးဝ မသင့်တော်ပါ။

[ဖတ်တဲ့သူတွေကိုလဲ ဗဟုသုတမပါတဲ့အပိုင်းမလို့ ဒီမှာပဲဖတ်ပြီး
ဒီမှာပဲထားခဲ့ပါလိူ့မေတ္တာရပ်ခံပါတယ်။screenshotယူပြီးလဲ
ပြန်မတင်ကြပါနဲ့နော်..။]

Unicode

မီးဖိုခန်းထဲမှာ အိုးခွက်ပန်းကန်တွေသိမ်းဆည်းနေတဲ့ ကိုတုတ်ကြီးကိုကြည့်လိုက်ပြီး စာဆိုနောက်မှရောက်လာကာ ပန်းကန်တွေ ကိုင်လိုက်ပြီး ဘီရိုထဲဖွင့်ထည့်လိုက်တာကို ကိုတုတ်ကြီးမြင်လိုက်တာနှင့်

"သား!ဒီမှာဘာလာလုပ်နေတာလဲ"

"ကျွန်တော်လဲ ကူညီပေးချင်လိူ့"

"မလုပ်ပါနဲ့ သားရယ်၊ ဒီအိမ်မှာ သားဘာမှလုပ်စရာမလိုပါဘူး၊ ဧည့်ခံပွဲမှာသာ သွားနေပါ၊"

"ဧည့်ခံပွဲက ပြီးသွားပြီဦးတုတ်ကြီး၊"

"ဟေ!ဒါဆို အကိုလေးက ဘယ်ရောက်သွားတာလဲ၊"

"သူ့သူငယ်ချင်းနဲ့ အပြင်ထွက်သွားတယ်၊ ကြည့်ရတာ သွားသောက်တာနေမှာပေါ့"

ကိုတုတ်ကြီးလဲပန်းကန်တွေဆက်သိမ်းဆည်းနေတော့၊ စာဆို လဲ ဘီရိုထဲကိုပန်းကန်တွေအစီအရီထည့်နေလိုက်တာဖြစ်သည်။ ၁နာရီလောက်ကြာမှ ခြံထဲကို ကားတစ်စီး အကြမ်းပတမ်းမောင်းလာတာမြင်လိုက်၍ပေါ်တီကိုအောက်ရောက်လာတာနဲ့စာဆိုလှည့်ကြည့်လိုက်တော့ ကားပေါ်က စက်ဆင်းလာတာမြင်လိုက်ပြီး ရုတ်တရက်ဆိုသလို စက်ကိုယ်ပေါ်ကအငွေ့အသက်တွေကို မြင်လိုက်ရတော့စာဆိုမျက်
မှောင်ကုပ်လိုက်မိသည်။

"မင်းမအိပ်သေးဘူးလားရှေးစာဆို"

မီးဖိုခန်းထဲဆီဝင်လာပြီးပြောလိုက်တဲ့ စကားကြောင့် ပန်းကန်တွေသိမ်းဆည်းရင်းမော့ကြည့်လိုက်ပြီး

"ကျွန်တော် ဒီနေ့ ဦးတုတ်ကြီးနဲ့ပဲ အိပ်မှာ"

ဘာ!

ဟေ!

စာဆို့စကားကြောင့် စက်ရော ကိုတုတ်ကြီးရော အံ့သြသလိုဖြစ်သွားပြီးစက်နှုတ်ခမ်းတစ်ဖက် အပေါ်သို့ကွေးညွန့်သွား၍ ပန်းကန်တွေသိမ်းနေတဲ့လက်ကိုလှမ်းဆွဲလိုက်တော့ လက်ထဲက ပန်းကန်လွတ်ကျသွားမို့ ဒေါသကထောင်းခနဲထွက်သွားသည်။ ထို့နောက်လက်ကိုပြန်ဖယ်ချပြီး ကျကွဲသွားတဲ့ ပန်းကန်ကို ပြန်ကောက်ယူလိုက်၍ အမှိုက်ပုံးထဲသွားထည့်လိုက်ပြီး ပြန်လှည့်လာတော့စက်က လက်ကောက်
ဝတ်ကိုဆောင့်ဆွဲပြီး အပေါ်ထပ်သို့ တရွတ်တိုက်ဆွဲခေါ်သွား၏ကိုတုတ်ကြီးကတော့ နှစ်ယောက်စလုံးကိုကြည့်နေလိုက်ရင်း ခေါင်းခါလိုက်ကာ၊တော်သေးတာပေါ့ ငါကအချောင်ကြားညပ်တော့မလို့။

My Weird Husband [ Completed ]Where stories live. Discover now