Part 7(U&Z)

9.9K 497 1
                                    

Unicode

ရွာထဲပစ္စည်းပေးစရာရှိလို့လာရင်း လမ်းမှ ရွာသူမလေးများပြောသံကို စာဆိုနားစွန်နားဖျားကြားလိုက်တာဖြစ်သည်။သူနဲ့ဇီးပင်မှာတွေ့ခဲ့တဲ့လူဟာ ရန်ကုန်ကလာခဲ့တာတဲ့လား။ပြီးတော့လဲ ပြဿနာပေါင်းစုံရှာထားပြီးမိန်းမကိစ္စကြောင့်အဖေကတောင်မနိုင်လို့နယ်လွှတ်လိုက်ရတဲ့လူတဲ့။ တစ်ရွာလုံးက စက်ရဲ့ချောမောမှုတွေ ပြဿနာရှာပုံတွေပြောဆိုနေကြတာ စာဆိုမကြားချင်မှအဆုံး။ ရွာရောက်ကတည်းကဒီလူ့သတင်းကအပုပ်နံ့တထောင်းထောင်းနဲ့ဖြစ်သည်။

နာမည်ကိုကစက်ရာရှိန်လင်းတဲ့၊ဘယ်လိုနာမည်ကြီးမှန်းမသိ၊ဒီလိုလူကကောင်းတာဘာများရှိမှာလဲ။ ဘယ်နေရာရောက်ရောက်ပြဿနာရှာတာကတော့ပြောင်းလဲသွားမှာမဟုတ်ဘူး။ သူနဲ့တွေ့ခဲ့တဲ့နေ့ကတင် စကားပြောတာ အကြောကြီးနဲ့။ ဆွဲထိုးချင်စရာမျက်နှာမျိုး။ ဘာပဲဖြစ်ဖြစ် ဒီလိုလူကိုရှောင်ရမယ့်စာရင်းထဲ စာဆိုသွင်းထားပြီးသားဖြစ်သည်။ ထိုစဥ်အနက်ရောင်Racingဆိုင်ကယ်လေးမျက်စိထဲတိုးဝင်လာတာကြည့်လိုက်တော့ဇီးပင်အောက်မှာတွေ့ခဲ့တဲ့ အဲ့ဒီလူက စာဆိုကိုတွေ့တာနဲ့ ဆိုင်ကယ်စက်သပ်ပြီးခဏရပ်ကာ

"ဟိတ်...ဘယ်သွားမလို့လဲ"

"ဘယ်သွားသွားခင်ဗျားအပူမပါဘူး"

"ဟာ"

လူကိုရွံ့သလို အဖတ်မတန်သလိုမျက်လုံးမျိုးနှင့်ကြည့်ပြီးကျော်တက်
သွားတော့ စက် ဒေါကန်သွားသည်။ အကြောင်းမရှိပဲနဲ့ ကိုယ့်ကို ဒီလိုကြည့်တဲ့ ယောက်ျားလေးဆိုတာ သူတစ်ယောက်ထဲဖြစ်မည်။ကိုယ့်ဘက်ကရင်းရင်းနှီးနှီးနှုတ်ဆက်တာကိုတောင်သူကဘာအချိုးချိုးသွားတာလဲ။စက်လဲ ဂရုမစိုက်တော့ပဲ Helmetပြန်ဆောင်းကာ မောင်းထွက်လိုက်သည်။ မင်းသိမယ် ရှေးစာဆို။

ရွာထဲဆင်းလာတော့ ရွာဦးဘုန်းကြီးကျောင်းပေါက်ဝမှာရပ်နေတဲ့ကောင်မလေးတစ်ယောက်ကို မြင်လိုက်တာနဲ့ကြည့်လိုက်မိတော့ ထိုကောင်မလေးက စာဆိုကိုပြုံးပြီး လက်ပြနှုတ်ဆက်နေသည်ထို့နောက်
စာဆို့နောက်ကလိုက်လာပြီး

"ဟိတ်...ရွာထဲဆင်းပြီးဘာလုပ်မလို့လဲ"

"ဒီမှာလေ၊ ထန်းလျက်ခဲတွေလာပေးတာ ၊ ထန်းရည်ကြိုပြီးနေပူလှမ်းထားတာခြောက်သွားလို့ ရွာထဲက မှာထားတာလဲရှိတော့လေ"

My Weird Husband [ Completed ]Tempat cerita menjadi hidup. Temukan sekarang