Unicode
ဧည့်ခန်းထဲမှာ Gameဆော့နေတုန်း လူငယ်လေးသုံးယောက်ခြံထဲဝင်လာတာကြည့်လိုက်မိသည်။ လက်ထဲတွင်အထုတ်များဆွဲလာကာ ရှပ်အက်ျီအဖြူနဲ့ ပုဆိုးဝတ်ထားပုံက သပ်ရပ်သန့်ရှင်းလှ၏။ထုံးစံအတိုင်း ဦးကိုကိုပစ္စည်းပို့ခိုင်းလိုက်တဲ့ ကျောင်းသားတွေပဲနေမှာ။ ထို့နောက် အိမ်အဝင်ပေါက်မှာ ရပ်၍ ဝင်ရနိုးနိုးလုပ်နေတော့ စက်လှမ်းခေါ်လိုက်သည်။
"ပစ္စည်းလာထားတာလား ဝင်ခဲ့လေ"
ထိုကောင်လေးသုံးယောက်က စက်ခေါ်လိုက်တာနဲ့ အိမ်ထဲဝင်လာပြီး ပစ္စည်းများချကာ အိမ်ကိုတစ်ချက်ဝေ့ကြည့်ပြီး ပြန်ထွက်ဖို့ရည်ရွယ်လိုက်တာနဲ့
"မင်းတို့ ဘယ်yearလဲ"
"3rd yearsပါ"
"သြော်"
စက်ဘာမှထပ်မပြောပဲနေလိုက်တော့ ထိုကောင်လေးသုံးယောက်ကပြန်ထွက်သွားသည်။ စက်လဲ ကြည့်နေလိုက်ပြီးမှ Gameဆက်ဆော့နေလိုက်သည်။ဦးကိုကို ကတော့ Dutyကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပဲ နေ့နေ့ညည။ သူမရှိတဲ့အချိန်ဆို စက်အတွက်အိမ်ဟာ နတ်ပြည်အတိုင်းခံစားရတာဖြစ်၏။
ထိုစဥ် အိမ်အပေါ်ထပ်မှ လင်း ဆင်းလာတာမြင်တော့ Gameဆော့ရင်းတစ်ချက်လှည့်ကြည့်ဖြစ်သည်။ လွယ်အိတ်နဲ့စာအုပ်လေးအုပ်ကိုတွဲကိုင်လျက် Tableပေါ်ခနချထားပြီး ဖိနပ်ကလေးငုံ့ယူလိုက်တော့ တင်ပါးလောက်ထိရှည်လျားတဲ့ နက်မှောင်နေသောဆံနွယ်တို့က အိခနဲပြိုကျကာ မျက်နှာထက်ဖုံးလွှမ်းသွားသည်။
"နင်ဘယ်သွားမလို့လဲလင်း"
"ကျူရှင်ပေါ့ စာမေးပွဲနီးနေပြီ"
"ငါလိုက်ပို့ရမလား"
စက်မေးလိုက်တော့ လင်း ဖိနပ်စီးနေရင်းမော့ကြည့်ကာ မျက်နှာစူပုတ်သွားသည်။ဟွန်း!ပို့ခိုင်းစရာလား။ အရင်တစ်ခါလဲ သူများအကြောင်းပြထွက်တာမနက်လင်းခါနီးမှပြန်လာပြီး ဖေဖေနဲ့စကားများတာကရောဘယ်သူလဲ။ဖိနပ်စီးပြီးတာနဲ့လင်းဘာမှမပြောပဲ လွယ်အိတ်နဲ့စာအုပ်ကောက်ကိုင်ပြီး ကိုတုတ်ကြီးကိုခေါ်လိုက်သည်။
YOU ARE READING
My Weird Husband [ Completed ]