Part 27(U&Z)

7.5K 318 3
                                    

Unicode

ဦးကိုကိုဧည့်ခန်းထဲမှာထိုင်ရင်း သတင်းစာဖတ်နေတာဖြစ်သည်။ လင်းနဲ့ ကိုတုတ်ကြီးကတော့ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေ၏။ စက်တစ်ယောက်ကလွဲရင် အိမ်မှာလူစုံတက်စုံရှိသည်။စာဆို ၊ဆိုဖာပေါ်မှာထိုင်ချရင်း ဦးကိုကို ကို တစ်ချက်ကြည့်ကာ စစ်တုရင်ကစားနည်းလေ့လာနေတုန်းမှာပဲ ခြံထဲလူတစ်ယောက်ဝင်လာတာမြင်လိုက်တာနဲ့ ဦးကိုကို စာဖတ်နေရင်း ငေးခနဲ ကြည့်လိုက်၏၊

ဆူးခက်က အိမ်ထဲဝင်လာရင်း

"ဟို!ကျွန်မဝင်လာလို့ရမလားမသိဘူး"

အပြောကနောက်ကျပြီး လူကအိမ်ထဲရောက်နေ၍ ဘယ်သူမှပြန်မပြောရသေးခင်မှာပဲစာဆိုလဲ မော့ကြည့်လိုက်တော့ စက်ရဲ့
Secretaryမိန်းကလေးပင်။ လင်းနဲ့ကိုတုတ်ကြီးလဲ ဆူးခက်ဝင်လာကတည်းက အရိပ်အခြေအနေကိုကြည့်နေသည်။

စာဆို မြင်မြင်ချင်းမျက်နှာတင်းသွားတုန်းမှာပဲသူမက ဆိုဖာမှာဝင်ထိုင်လိုက်တာဖြစ်၏။ ဒီမိန်းကလေး အိမ်အထိဘာလိုက်လုပ်တာလဲ။ တွေးရင်း ဆူးခက်နဲ့အကြည့်ချင်းဆုံသွားစဥ် ဦးကိုကို ဖတ်လက်စ
သတင်းစာကြီးပိတ်ပြီးစားပွဲပေါ်တင်၍

"ကိစ္စရှိလို့လား"

"ဟုတ်!MD နဲ့ ဆူးခက်ရဲ့ကိစ္စပါ"

ဟေ!

ဆူးခက်စကားကြောင့် မီးဖိုခန်းထဲမှ လင်းနဲ့ ကိုတုတ်ကြီးလဲချက်ချင်းရောက်လာကာ ဆိုဖာမှာဝင်မထိုင်ပဲ မတ်တပ်ကြီးရပ်လျက်၊ စာဆိုကတော့ တစ်ခုခုကိုတွေးတောနေတာဖြစ်၏၊ ထိုစဥ် ဆူးခက်မျက်လွှာပင့်၍ ဖိုင်အိတ်လေးတစ်ခုကိုစားပွဲပေါ်ချပေးကာ

"ဦးကို ဒီလိုလာပြောရတာစိတ်မကောင်းပေမယ့်၊ ဆူးခက်မှာ MDနဲ့ရတဲ့ကိုယ်ဝန်လွယ်ထားရပြီ"

ဟေ!

ဘယ်လို!

အကုန်လုံးအံ့သြမိပါပြီ။ဒီမိန်းကလေးသူတို့ကိုဘာတွေလာပြောနေတာလဲ။ အခုဘာစကားတွေကြားနေရတာလဲ၊စက်နဲ့ကိုယ်ဝန်လွယ်ထားရတယ်တဲ့။ဦးကိုကိုနားထင်သွေးကြောများယှက်ဖြာလျက်စာဆိုကိုကြည့်လိုက်ပြန်တော့ မျက်နှာအနည်းငယ်ပြောင်းလဲသွားခြင်းမရှိ။ လုပ်ငန်းလေးတစ်ခုလုပ်နေလို့ လိမ္မာလာမလားတွေးမိသေးတယ်၊ ဒီကောင်က အလုပ်က မိန်းကလေးကိုတောင်အလွတ်မပေးဘူး၊စက်ရာကတော့ ငါ့သိက္ခာကိုအဆုံးထိချနေတာပဲ။

My Weird Husband [ Completed ]Where stories live. Discover now