Kiss Scenes Warningပါ။🚨၁၅နှစ်အောက် ကလေးများဖတ်ရန်မသင့်တော်ပါ။
Unicode
"ဗျို့...လူလေး!ဒီမှာထန်းရည်တွေရှိတယ် လာသောက်အုံးမလား"
ထန်းတောထဲဝင်လာရင်း ဟိုဘက်ထန်းတောမှ လူကြီးတစ်ချို့အော်ခေါ်လိုက်သံကြောင့် စက်လှည့်ကြည့်ဖြစ်သည်။ လူကြီး ၅ယောက်လောက်က ဝိုင်းထိုင်နေပြီး အလယ်မှာ ထန်းရည်အိုး ၁၀အိုးလောက်ချထားကာ မြေပဲလှော်နှင့် ထန်းလျက်ခဲတို့က အမြည်းသဘောဖြစ်
သည်။ စက်လဲ ထိုလူကြီးတွေကိုကြည့်လိုက်ပြီး လက်ထဲက သောက်လက်စ စီးကရက်ကိုလွှင့်ပစ်ကာ သွားထိုင်လိုက်သည်။ပုံစံကြည့်ရတာတော့ထန်းတက်သမားတွေဖြစ်ပုံပေါ်မည်။ ထန်းပင်ကြီးတစ်ပင်ရဲ့အောက်မှာ အခင်းလေးနှင့် အုပ်စုဖွဲ့ထိုင်နေကြတာဖြစ်ပြီး စက်ရောက်လာတော့ အကုန်လုံးကငေးကြည့်လျက် သူတို့အမြင်မှာတော့ စက်ကိုဘယ်လိုမြင်လဲမသိ။
"လူလေးက ဘယ်အရွယ်လဲ၊ ငယ်သေးတယ်ဆိုရင်တော့ ထန်းရည်ကိုမသောက်ပါနဲ့အုံး ထန်းရည်ခါးတွေဆိုတော့ မူးမှာစိုးလိူ့"
"ကျွန်တော်အသက်၃၀ဗျ၊ ထန်းရည်ခါးကတော့ ကျွန်တော့်အတွက်အပျော့ပါ"
"ဟေ"
ထိူလူကြီး၅ယောက်က စက်ကို အံ့သြသလိုကြည့်သည်။ ဒီလို နုနုထွဋ်ထွဋ်လေးက အသက်၃၀တဲ့လား။ဖြစ်နိုင်ရဲ့လား။ မြို့မှာနေသူမို့ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်နေခဲ့ရသူပဲဖြစ်မယ်၊ ဒီရွာမှာ ကြည့်ပျော်ရှုပျော်ရှိတာဆိုလို့ ဟိုအရူးတစ်ကောင်ပဲရှိတာမဟုတ်ဘူးလား၊ အဲ့တစ်ယောက်ကလဲရုပ်လေးသာချောတာ၊ လူကတော့စိတ်မနှံ့သူဖြစ်သည်။ စက်မြေပဲလှော်လက်တစ်ဆုပ်ယူပြီး ပါးစပ်ထဲသွင်းကာ ထန်းရည်ကိုမော့ချလိုက်သည်။
ဘယ်ဆိုးလိူ့လဲ။ ရွာမှာနေတော့ ရွာအကြိုက်ပေါ့။ မြို့မှာနေတော့မြို့အကြိုက်ပေါ့။ လည်ချောင်းထဲစီးဝင်လာတဲ့ထန်းရည်ခါးကိုသဘော
ကျပြီးတစ်ခွက်ထပ်သောက်လိုက်၏၊ ထို့နောက် တစ်ခွက်ပြီး တစ်ခွက်၊ ဒါမျိုးဆိုလူက ခံနိုင်ရည်ရှိပြီးသားဖြစ်သည်။ မြေပဲလှော်စားလိုက် ထန်းရည်သောက်လိုက်နဲ့ ထန်းရည်၁၀အိုးလုံးကုန်ခါနီးမှ လက်ထဲက ယူလာတဲ့ အထုပ်ကိုသတိရတာဖြစ်၏၊ ဒီအထုပ်လာပေးဖိူ့ တောထဲလာခဲ့တာမဟုတ်ဘူးလား၊ ဒီမှာဘာထိုင်လုပ်နေမိပါလိမ့်။ မိုးချုပ်မှသတိဝင်လာတော့ ထရပ်လိုက်တာနဲ့လူကယိုင်သွားသည်။
ဘယ့်နှယ့် ထန်းရည်ဆိုပြီး အထင်သေးလို့မရပါလား။ခြေထောက်ယိုင်သွားတဲ့စက်ကိုကြည့်လိုက်ပြီး ရွာလူကြီးတွေက စိုးရိမ်သလိုကြည့်ကာ
YOU ARE READING
My Weird Husband [ Completed ]