Part 12(U&Z)

9.5K 458 2
                                    

Unicode

"ဟဲ့...နင်အဆင်ပြေရဲ့လား"

ကုက္ကိုပင်ကြီးအောက်မှာထိုင်ပြီး ယာခင်းတွေဘက်ကြည့်နေရင်းနောက်မှပြောသံကြောင့်လှည့်ကြည့်လိုက်တော့ ရွာဦဘုန်းကြီးကျောင်းနားမှာအမြဲရှိတက်သည့်ထိုကောင်မလေးက ဘေးရောက်လာကာ ထိုင်လိုက်ပြီး ပြောတာဖြစ်သည်။

"ဘာကိုလဲ"

"ရွာထဲကအသံတွေငါကြားသားပဲ၊ နင်ခိုးပြေးခံရလို့ဆို၊ငါအစတည်း
ကနင့်ကိုသတိပေးထားရဲ့သားနဲ့ အဲ့ဒီလူကိုဝေးဝေးရှောင်ဆိုတာ၊နင်
ရန်ကုန်ကိုလိုက်သွားမှာလား၊"

ထိုကောင်မလေးက မေးလိုက်တဲ့စကားကြောင့် စာဆို ပင့်သက်ရှိုက်၍
ဆေးပြင်းလိပ်ကိုမီးညှိပြီး တစ်ဖွာနှစ်ဖွာရှိုက်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ၊ ဒီရွာမှာ ငါ့ကိုမြင်ရတဲ့လူဆိုလို့ နင်တစ်ယောက်ပဲရှိတာကိုနင်မရှိတော့ရင် ငါတစ်ယောက်တည်းပျင်းတယ်"

"အဲ့တာဆို နင်လဲလိုက်ခဲ့လေ"

"ဟွန်း!ငါဒီရွာကနေ ဘယ်မှသွားလို့မရတာသိရဲ့သားနဲ့၊ ငါကနှစ်ချို့တစ္ဆေဖြစ်နေပြီ ဒီနေရာဒေသကလွဲပြီး ဘယ်မှသွားလို့မရတော့ဘူး"

"သူတို့ မိသားစုက အကွဲကွဲ အပြဲပြဲနဲ့ ငါ့လိုသူစိမ်းတစ်ယောက်ကသူတို့မိသားစုထဲဝင်လို့အဆင်ပြေမယ်မထင်ပါဘူးဟာ"

လေးလေးပင်ပင်ပြောလိုက်တဲ့ စာဆို့စကားကြောင့် ဓာတ်ကူးသွားသလိုဘေးမှ အဝါရောင်ဖျော့ဖျော့ ဂါဝန်လေးနှင့် ထိုကောင်မလေးပါ မျက်နှာလေးစူပုတ်သွားကာ စိတ်ပျက်သွားသလိုဖြစ်သည်။ ထိုစဉ် ရွာထဲက ကလေးအုပ်စုကစာဆို့ဆီပြေးလာတာမြင်လိုက်တာနဲ့ သူမက ကုက္ကိုပင်နောက်ကိုသွားပုန်းနေလိုက်၏၊ ကလေးဆိုတာ ဖြူစင်ပြီး လိပ်ပြာသန့်တာမို့ အခန့်မသင့်လျှင်သူမကိုမြင်သွားနိုင်ပြီးကြောက်
လန့်သွားနိုင်တာဖြစ်သည်။

"ကိုကြီးစာဆို၊ ကိုကြီးစာဆို ရန်ကုန်ကိုလိုက်သွားတော့မှာဆို ၊ ကိုကြီးစာဆိုမရှိရင် သားသားတို့ဘယ်လိုလုပ်ရမလဲ။ ရွာမှာ သရဲကြောင်းပြောပြမယ့်လူမရှိတော့ဘူး၊ အီးဟီး"

My Weird Husband [ Completed ]Where stories live. Discover now