Part 29(U&Z)

8.6K 332 4
                                    

Unicode

ရွာထဲကလူတွေ တစ်စု တစ်စုနဲ့ တီးတိုးပြောနေကြတော့ ဒေါ်မေမိုး
အိမ်ပြင်ကိုချောင်းလိုက်ရင်း အိမ်ရှေ့မှာ ရွာသားတစ်ယောက်ရပ်နေတာမြင်လိုက်သည်နှင့် အပြေးဆင်းကာ ထိုရွာသားကိုမေးလိုက်၏။

"ကိုဖိုးတုတ်!လူတွေတစ်စုတစ်စည်းနဲ့ ဘာတွေများပြောနေကြတာတုန်း"

ရွာသားကမျက်နှာမကောင်းပဲ ဒေါ်မေမိုးကိုကြည့်၍

"ရွာထဲက ထန်းတက်သမားအချို့ တောထဲမှာ ရှေးစာဆိုကိုတွေ့လိုက်လို့တဲ့"

"ရှင်!!စာဆိုက ရန်ကုန်မှာမဟုတ်ဘူးလား"

"ထန်းတက်သမားတွေလဲ ရှေးစာဆိုနေတဲ့ တဲလေး မီးရောင်လင်းနေတော့ အစက သရဲထင်နေကြတာ၊တဲလေးနားကပ်ချောင်းတော့မှ
စာဆို ငုတ်တုပ်ထိုင်နေတာတွေ့လို့တဲ့ဒေါ်မေမိုးက တူဖြစ်သူပြန်ရောက်နေတာတောင်မသိဘူးလား"

ဒေါ်မေမိုးမျက်နှာပျက်သွားသည်။ ဟိုတစ်လောက စက်ဖုန်းဆက်တာဒါကြောင့်လား၊ သူတို့နှစ်ယောက်အဆင်မပြေဖြစ်လို့ ကွာရှင်းခဲ့တာများလား။တွေးမိသည်နှင့် တစ်ခါတည်း ထန်းတော ဘက်ကိုသွားမှဖြစ်မည်။ ဒီနှစ်ယောက်ရွာမှာရှိစဥ်ကတည်းကအဆင်မပြေဖြစ်ခဲ့ကြတာမှန်ပေမယ့် အကြောင်းအရင်းကိုတော့သိမှရမည်။

ရွာထဲက ရွာသူရွာသားတွေကလဲ စာဆိုနဲ့ပတ်သတ်ပြီးတီးတိုးပြောဆိုနေကြတာမလို့ ခိုးပြေးတုန်းကတော့လဲ ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့ရသည်၊အခုပြန်လာပြန်တော့လဲ တစ်ယောက်တည်းဆိုတော့ ရွာသားတွေ အတွေးကို ဒေါ်မေမိုး နားလည်သည်။

ရှေးစာဆိုရေ!ဗျို့!ရှေးစာဆို!

တဲအရှေ့မှခေါ်သံကြားတော့ စာဆို အနောက်ဘက်က နွားတင်းကုပ်လေးမှာ နွားစာကျွေးပြီး ထွက်လာသည်နှင့် ဒေါ်မေမိုးက ထမီကြီးမ
ခါးထောက်လျက် ရပ်စောင့်နေတာဖြစ်သည်။

"ကြီးမေ!"

လာအုံး!လာအုံး!

ဒေါ်မေမိုးလက်ဆွဲပြီး တဲထဲဝင်ထိုင်လိုက်ကာ စာဆိုကိုကြည့်လျှက်

"စက်နဲ့ဘာဖြစ်လာတာလဲသား၊ စက်ဟိုတစ်လောက ကြီးမေဆီဖုန်းဆက်တယ်"

My Weird Husband [ Completed ]Where stories live. Discover now