Unicode
လမ်းတစ်ဝက်ရောက်တာနဲ့ လမ်းရှေ့မှာကားတစ်စီးပိတ်ရပ်ထားပြီး ကားbodyကိုလူတစ်ယောက်မှီပြီးရပ်စောင့်နေတာမြင်လိုက်တာနဲ့ စက် ကားကိုအရှိန်လျှော့လိုက်ပြီး ထိုကားလေးဘေးနားထိုးရပ်လိုက်သည်။ ပြီးတော့ ကားထဲကနေထိုလူကိုကြည့်၍ နှုတ်ခမ်းမဲ့လိုက်ပြီး ကားပေါ်ကဆင်းကာ ထိုလူနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်တာဖြစ်သည်။
စက် ဆင်းလာတာရပ်စောင့်နေရင်း မင်းထင်မဲ့ပြုံးလိုက်ပြီး ကားကိုနှစ်ချက်လောက်ပုတ်လိုက်တာနဲ့ ကားထဲမှ လူတချို့က တုတ်တွေဓား
တွေကိုင်ပြီး ဆင်းလာတာနဲ့ စက်ကမျက်နှာမဲ့လိုက်ပြီး မင်းထင်ကို ခပ်ထေ့ထေ့ကြည့်ကာလှောင်ရယ်လိုက်တာဖြစ်သည်။ဒီကောင်အရင်တစ်
ခါကလဲ ကိုယ်တိုင်မပါပဲလူလွှတ်ပြီး သူ့ကိုအလစ်ချောင်းရိုက်ခိုင်းတယ်၊ အခုကျတော့လဲ လူကိုယ်တိုင်တော့လာပါရဲ့၊သို့သော်တစ်ယောက်ထဲမဟုတ်ပဲ အဖွဲနှင့်လာတာဖြစ်သောကြောင့်။"ဟွန်း!ငကြောက်!မင်းက တစ်ယောက်ချင်းဆီမရှင်းနိုင်ဘူးလား၊ တော်တော်သတ္တိကြောင်တဲ့ကောင်ပဲ"
"ကျွတ်!စက်ရာ၊ သတ္တိကြောင်တာ မကြောင်တာ ငါ့ကိစ္စ၊ အရေးကြီးတာ မင်းကို အကောင်းအတိုင်းမမြင်ချင်တော့တာပဲ၊ အဟွန်း!မင်းက တစ်ဖက်သားခံစားရအောင်လုပ်ထားပြီး မင်းကတော့ အေးအေးချမ်းချမ်းနေနိုင်နေတာကိုက ငါ့အတွက်တော့မျက်စိ ဆံပင်မွှေးစူးစရာလူတစ်ယောက်ပဲ"
ဒီလိုပြောတော့ စက်က ဟွန်းခနဲရီလိုက်၍ မင်းထင်ကို ခါးထောက်လျက်လှောင်ရယ်ရယ်လိုက်တာဖြစ်သည်။သူ့အမနဲ့ ငြိခဲ့ဖူးပေမယ့်တစ်ဖက်မိန်းကလေးကလဲ လွယ်ခဲ့တာမဟုတ်တအားမာယာများပြီး သူ့လိုပင်ရည်းစားတွေထည်လဲတွဲနိုင်တဲ့သူသာဖြစ်၏။ဒီလိုမိန်းမနဲ့ပတ်သတ်မိကာမှပြဿနာကသူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာ
ကြောင့်။"မင်းအမ ခံစားရတာငါ့ကြောင့်လို့ထင်နေတာဆို မှားသွားပြီ၊ သေချာ
ပေါက် ကစားပွဲအတွက်ငါလိုက်ခဲ့ရပေမယ့် မင်းအမကလဲငါ့အပြင်တစ်ခြားတစ်ယောက်သူ့မှာရှိခဲ့တယ်ဆိုတာ မင်းကိုမပြောပြဖူးဘူးထင်တယ်၊ အဟား!အေးပေါ့ ဟိုဘက်ကကောင်က မင်းအမကို တာဝန်မယူနိုင်လို့ပစ်သွားတော့မှငါ့ကိုရလိုရငြားခံစားပြလိုက်တာနေမှာ"
YOU ARE READING
My Weird Husband [ Completed ]