Unicode
"ဘရော .. ဘရော .. ဘရော"
လီဗာကို ခပ်ပြင်းပြင်းဆွဲလျက် အရှိန်ပြင်းပြင်းမောင်းလာသောဆိုင်ကယ်တစ်စီးက ဂျောင်ဂုနဲ့အတူလျှောက်နေသော Alex ကို ပွတ်ဆွဲသွားတော့ Alex ကို အမြန်ဆွဲထိန်းပေးလိုက်ရသည်။
"Alex ... Alex ! ရရဲ့လား"
Alex ကလည်း လန့်သွားသလို ဂျောင်ဂုအား ခေါင်းတစ်ချက်ညိတ်ပြပြီး နှစ်ယောက်သား ဆိုင်ကယ်ဆီသို့ ကြည့်လိုက်တော့ ဆိုင်ကယ်က အတန်းရှေ့တွင် ရပ်သွားသည်။
လူကို တမင်ပွတ်ဆွဲသွားတဲ့ ဒီဆိုင်ကယ်သမားကို Alex ရော ဂျောင်ဂုရော ဒေါသထွက်ထွက်ဖြင့် ဘယ်သူလဲဆိုတာကို ကြည့်နေတုန်း ဆိုင်ကယ်ပေါ်ကဆင်းပြီး ဆိုင်ကယ်ဦးထုတ်ကို ဆွဲချွတ်လိုက်တဲ့ သူ။
ဦးထုတ်ကိုဆွဲချွတ်ကာ ခေါင်းကို ခါရမ်းလိုက်တော့ သူ့ရဲ့ငွေရောင်ဆံပင်လေးနှင့် တစ်ဖက်တည်းတပ်ထားသော နားကပ်တွဲလောင်းလေးက ခါရမ်းသွားသည်။
နေရောင်အောက်တွင် မြင်လိုက်ရတဲ့ သူ့ရဲ့ ထိုပုံစံက လုံးဝကို ဆွဲဆောင််မှုရှိတယ်ဆိုတာကိုတော့ ဂျောင်ဂု မလိမ်တမ်းဝန်ခံမိပါသည်။
သူက ကိုယ်တွေဘက်ကို တစ်ချက်တောင် လှည့်မကြည့်ပဲ ဆိုင်ကယ်သော့ခတ်ပြီး ကျောင်းထဲဝင်သွားသည်။
ဘာကြောင့် Alex ကို ဒီလို လိုက်လုပ်နေလဲဆိုတာ နားမလည်စွာဖြင့် Alex ကို မေးကြည့်တော့လည်း Alex က ဘာမှပြန်မပြော။
ဘာပဲပြောပြော သူ့ပုံက Alex ကို ထိခိုက်အောင်လုပ်ချင်နေပုံမို့ သတိထားဖို့တော့ Alex အား မှာထားလိုက်ရသည်။
အတန်းထဲသို့ဝင်လိုက်လျှင် မျက်စိထဲ ခရော့စ်ဖြစ်စရာ သူ့အပြုအမူက ဆီးကြိုနေပြန်သည်။
အတန်းရဲ့နောက်ဆုံးခုံတွင် နံရံကို ကျောမှီလျက် ရှေ့က စာသင်ခုံပေါ် ခြေထောက်နှစ်ချောင်းလုံး ပစ်တင်ကာ သူက ဆေးလိပ်သောက်နေပါ၏။
စာသင်ခန်းနဲ့မလိုက်ဖက်စွာ သူ့အပြုအမူက သိပ်ကို အကျည်းတန်လွန်းနေကာ ထိုပုံစံအား တော်တော်ကို မုန်းမိလေသည်။
သူ့လုပ်ရပ်ကို တစ်ချို့ကျောင်းသားတွေက မကြိုက်တဲ့ပုံပေါ်နေသော်လည်း သူ့ကို ဘယ်သူမှ သွားပြောတာမတွေ့။
YOU ARE READING
Play Me A Memory
FanfictionJungkook x Taehyung // Drama // Started Date - March 4 2022 Ended Date - May 15 2022