Part - 7

11.1K 1.2K 122
                                    

Unicode

"Jungkook .. ညစာသွားစားရအောင်"

"အော .. သွားမယ်လေ"

ပထမနှစ်ဝက်စာမေးပွဲက နီးလာပြီမို့ ဂျောင်ဂုရော ယွန်ဂီရော အဆောင်တွင်းအောင်းကာ စာတွေ အသေအကြေလုပ်ဖြစ်နေသည်။

ဒီနေ့ ကျောင်းက နေ့လည် ၃ နာရီလောက် ပြန်လာခဲ့ပြီး ရေမိုးချိုး အဝတ်အစားလဲ မေမေတို့ ဟိုရီတို့ဖြင့် ဖုန်းခဏပြောပြီးတာနဲ့ စာ စ လုပ်နေတာဖြစ်သည်။

ယွန်ဂီကတော့ ၆ နာရီကျော်လောက်ကမှ အပြင်က ပြန်ရောက်ရုံသာမက တစ်ရေးတောင် အိပ်လိုက်သေးသည်။

ပြီးတော့ ယွန်ဂီတစ်ယောက် ည ၈ နာရီလောက်မှာ ပြန်နိုးလာပြီး ဂျောင်ဂုနဲ့ စာအတူလာလုပ်ကာ အခုမှ ၉ နာရီပဲ ရှိသေးတာကို ညစာထွက်စားဖို့ ခေါ်လေသည်။

ဒီလိုနဲ့ နှစ်ယောက်သား ဝေးဝေးလံလံ မသွားဖြစ်ပဲ အဆောင်နားက ဆိုင်လေးတစ်ဆိုင်မှာပဲ ဝင်ထိုင်လိုက်သည်။

မှာစရာရှိတာတွေမှာပြီး ယွန်ဂီနှင့် ရောက်တတ်ရာရာတွေပြောနေတုန်းမှာပဲ လီဗာကို တောက်လျှောက်ဆွဲလာသော ဆိုင်ကယ်တစ်စီးရဲ့အသံကို ကျယ်လောင်စွာကြားလိုက်ရသည်။

လီဗာသံက ဘယ်လောက်တောင် ကျယ်သလဲဆို အသံကသာကြားနေရပေမယ့် ဆိုင်ကယ်က မြင်ကွင်းထဲတွင် ပေါ်မလာသေး။

ဂျောင်ဂုတို့က ဆိုင်ရဲ့အပြင်ဘက်ဝိုင်းမှာ ထိုင်နေတာဖြစ်ပြီး ကိုယ်တွေလိုပဲ တခြားဝိုင်းတော်တော်များများလဲရှိနေကာ အားလုံးရဲ့အာရုံက အသံလာရာဘက်သို့ ရောက်နေကြကာ ဘယ်သူများဖြစ်မလဲဆိုတဲ့စိတ်ဖြင့် မမြင်ရသေးတဲ့ ဆိုင်ကယ်ကို မရည်ရွယ်ပဲလှမ်းမျှော်ကြည့်နေမိကြသည်။

နီးလာလေ ပိုကျယ်လာလေဖြစ်သော ဆိုင်ကယ်သံနဲ့အတူ တဖြေးဖြေး မြင်ကွင်းထဲသို့ရောက်လာတာက နှစ်ယောက်မရှိသော သူ။

ဆိုင်ကယ်က အရှိန်လဲ အသားကုန်တင်မောင်းလာတာမို့ ဆိုင်ရှေ့ကနေ သူ့ဆိုင်ကယ်ဖြတ်သွားချိန်က စက္ကန့်ပိုင်းလောက်သာ ကြာပေမယ့် သူ့အနောက်မှာ ခါးဖက်ကာ ပါသွားတဲ့ ကောင်မလေးတစ်ယောက်ကို ဂျောင်ဂု တွေ့ဖြစ်အောင် တွေ့လိုက်မိသည်။

Play Me A MemoryWhere stories live. Discover now