Unicode
Australia ကို ပြန်သွားဖို့ မေမေတို့ကို ခွင့်ပန်လျှင် ဖေဖေက ဘာမှမပြောသော်ငြား မေမေကတော့ မသွားစေချင်။
မေမေ့ရဲ့စိတ်ထဲ သူနဲ့ သွားတွေ့မယ်လို့ ခံစားနေရသလား မသိချေ။ သူနဲ့ သွားတွေ့ပြီး ဟိုရီနဲ့ မင်္ဂလာပွဲပျက်သွားမှာက်ို မေမေ စိတ်ပူနေသည်။
သို့သော် သွားရတဲ့အကြောင်းအရင်းနဲ့ ရည်ရွယ်ချက်ကို ကိုယ်က တိတိကျကျ သိနေတာမို့ မေမေ့အား စိတ်မပူဖို့ တဖွဖွမှာခဲ့ပြီး မနက် ၈ နာရီ flight နဲ့ပဲ Sydney က်ို ထွက်လာခဲ့သည်။
လေယာဉ်ပေါ်တွင် သူ့အကြောင်းတွေ တွေးမိရင်း ရင်တွေလည်း ခုန်လာရသလို တဆစ်ဆစ်လည်း နာကျင်လာသည်။
နှစ်အတော်ကြာမှ ပြန်တွေ့ရမှာဆိုတော့ စိတ်တော့လှုပ်ရှားမိသားပဲ ..။
သူရော ကိုယ့်ကိုမြင်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ အရမ်း သိချင်မိသည်။
အများကြီးသာ လျှောက်တွေးနေမိပေမယ့် သေချာတာတော့ သူ့ထုံးစံအတိုင်း ခံစားချက်မဲ့တဲ့ မျက်နှာပေးဖြင့်သာ သူ့ကိုယ့်ကို ပြန်ကြည့်လာမှာကို ဗေဒင်မေးစရာမလိုပဲ တပ်အပ်သိနေပါသည်။
Sydney ကို ခြေချလိုက်သည်နဲ့ သစ်လွင်တဲ့ ရာသီဥတုက ဆီးကြိုသည်။ နှစ်တွေကြာသွားပေမယ့်လည်း Sydney သည် ဘာမှမပြောင်းလဲ သွားပါ။
သူနဲ့ တွေ့ဖို့နီးလာပြီဆိုသောအတွေးက ရင်တလှပ်လှပ်။ သို့သော် စိတ်ထဲမှာတော့ သူ့ကို အကြီးအကျယ် နာကျင်စေရမည်ဆိုတာကိုပဲ တွင်တွင်ရိုက်သွင်းထားသည်။
Sydney မှာ နေခဲ့ဖူးသော ဂျောင်ဂုသည် Sydney နှင့် လုံးဝမစိမ်းနေပဲ နေရာထိုင်ခင်း အစားအသောက်ကအစ ရောက်တာနဲ့ အဆင်ပြေပြေ စီစဉ်နိုင်ခဲ့သည်။
ရောက်ရောက်ချင်းမှာ သူ့ကို တွေ့ချင်ပေမယ့် ခရီးပန်းလာတာက တစ်ကြောင်း သူ့ကို အလဲထိုးဖို့ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ဖို့လိုတာရယ်ကြောင့် ဟိုတယ်မှာပဲ နားနေလိုက်သည်။
ဟိုတယ်ကိုတော့ ဟိုးအရင် သူ ဆိုင်ကယ်ရပ်နေကြ အပင်အိုကြီးနားက ဟိုတယ်တစ်ခုကို ရွေးဖြစ်ခဲ့သည်။
YOU ARE READING
Play Me A Memory
FanfictionJungkook x Taehyung // Drama // Started Date - March 4 2022 Ended Date - May 15 2022