Part - 6

11.4K 1.2K 199
                                    

Unicode

ဒီနေ့တော့ ကျောင်းစောစောသွားဖို့ရာ ဂျောင်ဂု တက်ကြွနေမိသည်။ ဘာကြောင့်ရယ်တော့ မသိပါ။ သေချာတာတော့ သူ့ကို တွေ့ချင်တာကြောင့် ဖြစ်မလားပဲ ?

လူ့စိတ်ဆိုတာက အတော်တော့ ဆန်းကြယ်သား။

အရင်ကဆို သူ့ကို လုံးဝကြည့်မရပဲ သူ့ရဲ့လှုပ်ရှားမှုတိုင်းက မျက်လုံးထဲ cross ..။

ဒါပေမယ့် မနေ့ညကဆို သူနဲ့ ရင်းနှီးသွားရုံသာမက နမ်းမိသွားသေးသည်။ ဘယ်လိုကနေ ဘယ်လို စိတ်ပြောင်းသွားလဲတော့ ကိုယ်တိုင်လည်း နားမလည်တော့ပါ။

ကျောင်းရောက်တော့ သူ့ကို ရှာလို့မတွေ့။ အတန်းချိန် နှစ်ချိန်လောက် ပြီးသွားပေမယ့်လည်း သူ မရောက်လာခဲ့။

မနေ့ညက ပြန်သွားတုန်းက တစ်ခုခုများ ဖြစ်နေတာလားဆိုပြီး စိတ်တောင် ပူမိသွားသေးသည်။

ဖုန်းဆက်ကြည့်ရအောင်လည်း ဖုန်းနံပါတ် မသိ။ မနေ့ကမှ သေချာစကားပြောမိတဲ့ ဆက်ဆံရေးမျိုးဆိုတော့လည်း ဖုန်းနံပါတ် မလဲရသေး။

ယွန်ဂီကို လှမ်းမေးဖို့ စိတ်ကူးမိပေမယ့် စိတ်ထဲမှာ ရှက်သလိုလိုဖြစ်မိတာကြောင့် မမေးဖြစ်ခဲ့။

ဒီလိုနဲ့ အတန်းလဲမတက်ချင်တော့ပဲ assignment အတွက် စာကြည့်တိုက်ဘက်စီကိုသာ လျှောက်လာခဲ့လိုက်သည်။

စာကြည့်တိုက်ထဲ ဝင်လိုက်တာနဲ့ တန်းမြင်လိုက်တာက ပြတင်းပေါက်တစ်ခုနားမှာ စာအုပ်တစ်အုပ်ကိို စိတ်ဝင်တစား ထိုင်ဖတ်နေတဲ့ သူ။

လက်ကြားမှာလဲ ရိုးရာမပျက်စွာ စီးကရက်ညှပ်ထားလျက်ပေါ့ ..။

တစ်ခါတစ်ခါတော့ စီးကရက်ညှပ်ထားတဲ့လက်ကို ဖွာရှိုက်ပြီးတာနဲ့ ပြတင်းပေါက်ဘောင်ကို ကျော်၍ လက်ကို အပြင်သ်ို့ ချသည်။

ဒီလိုဆိုတော့ သဘောတကျ ပြုံးမိသေး။ စာကြည့်တိုက်မှာ ဆေးလိပ်မသောက်သင့်မှန်း သူ သိသားပဲ။

သို့သော် သူ့ရဲ့ထုံးစံအတိုင်း စည်းကမ်းဖောက်ဖျက်ဖို့ မွေးလာသူပီပီ ဆေးလိပ်ကို မသောက်သင့်တဲ့နေရာမှာ သောက်နေပေမယ့် ဆင်ဆင်ခြင်ခြင်တော့ သူ သောက်နေပါတယ်ပေါ့လေ။

Play Me A MemoryWhere stories live. Discover now