Unicode
မေမေ့ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် နေ့တွင်းချင်းပဲ အိမ်ပြောင်းလာခဲ့ရသည်။
မေမေကတော့ စိတ်ဆိုးလွန်း၍ ဂျောင်ဂု့အား စကားမပြောပါ။ ဟိုရီကတော့ မျက်နှာမကောင်းပေမယ့် အလိုက်အထိုက်တော့ ဆက်ဆံပေးရှာသည်။
အိမ်အသစ်က နေချင်စရာတော့ ကောင်းပါသည်။ လုံးချင်းနှစ်ထပ်တိုက်ငယ်လေးဖြစ်ပြီး အိမ်ရဲ့မျက်နှာစာမှာလည်း ဥယျာဉ်ငယ်လေးတစ်ခုပါရှိသည်။
မေမေက အောက်ထပ်က အခန်းကို ယူပြီး ဟိုရီက အပေါ်ထပ်က အခန်းတစ်ခန်းကို သုံးသည်ဆိုတော့ နောက်မှ ရောက်လာတဲ့ ဂျောင်ဂုအဖို့ တစ်ခန်းပဲ ကျန်တော့တဲ့ ဟိုရီနဲ့ မျက်နှာချင်းဆိုင်အခန်းကိုပဲ ယူလိုက်ရသည်ပေါ့။
ရေမိုးချိုး ညစာစား ပစ္စည်းတွေနေရာချဖြင့် အတော်ကြာ အလုပ်ရှုပ်ပြီးသွားတော့ ည ၁၂ နာရီခွဲသွားပြီ။
ပုံမှန်ဆို ညဘက်တွေ စာလုပ်ဖြစ်ပေမယ့် ဒီနေ့တော့ စာလည်းမလုပ်နိုင်တော့။
အိပ်ယာပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်ပြီး အကြောင်းပြချက်မရှိ မျက်နှာကျက်ကို ကြည့်နေမိသည်။
သူ့ကို တွေ့ချင်လိုက်တာ ..။
မနက်ကမှ သူနဲ့ အတူနေခဲ့တာတောင် သူ့ကို တွေ့ချင်မိသည်။ ညဘက် ဒီအချိန်ရောက်ရင် သူ့ကို မျှော်နေကြဆိုတော့ လူက အကျင့်ဖြစ်နေသည်။
အိမ်အသစ်ပြောင်းသွားပြီဆိုတော့ သူ သေချာပေါက် ရောက်လာမယ်မထင်။ သူ့အကြောင်းတွေးရင်း သူ့ကို ပိုလွမ်းလာသည်။
ညတိုင်းအိပ်မပျော်တတ်တဲ့ကောင်လေး ကိုယ့်ဆီလာလို့မရတော့ အဆင်ပြေရဲ့လား ? သူ ဘာတွေများလုပ်နေမလဲ ?
ဘယ်တွေများ သွားနေမလဲ ? ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်စီမှာများ သွားအချိန်ဖြုန်းနေပြီလား ?
သူ သိပ်သဘောတကျတတ်တဲ့ အချစ်ပုံပြင်တွေကို ဘယ်တစ်ယောက်ယောက်ကိုများ ဖတ်ပြနေပါမလဲ ?
တွေးကြည့်ရုံနဲ့ကို ရင်မောလာကာ စိုးရိမ်မိတာကြောင့် စားပွဲပေါ်က ဖုန်းကို လှမ်းယူပြီး သူ့ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
YOU ARE READING
Play Me A Memory
FanfictionJungkook x Taehyung // Drama // Started Date - March 4 2022 Ended Date - May 15 2022