Part - 22

12.1K 1.2K 164
                                    

Unicode

အိပ်ပျော်နေတဲ့ သူ့မျက်နှာလှလှကို ကြည့်နေရင်း သက်ပြင်းတစ်ချက်က််ို ခပ်တိုးတိုး ခိုးရှိုက်မိသည်။

ဘဝမှာ တစုံတယောက်ကို ကိုယ့်ကိုကိုယ်ထက် ပိုချစ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိ။

နာကြည်းမုန်းတီးစိတ်တွေအပြည့်နဲ့ မာန်တင်းပြီး ပြန်လာခဲ့ပေမယ့်လည်း တကယ်ဘာဆိုဘာမှ မလုပ်ရက်နိုင်တော့။

ရင်ထဲက ဒဏ်ရာတွေဟာလည်း သူ့မျက်နှာမြင်ရုံနဲ့ ချက်ချင်းသက်သာသွားတယ် ထင်ပါ့ ..။

အစပိုင်းမှာ "ဖြိုချပစ်မယ်" လို့ ကြွေးကြော်ကျိန်းဝါးခဲ့ပြီးမှ စောစောစီးစီးလက်လျှော့လိုက်လို့ ဒီကောင်ကို မင်းကတော့ ဟားနေမှာပဲနော် ..။

ဟားလည်း ဟားချင်စရာပါပဲ။ ဟိုးအရင်တည်းက ဒီကောင်က မင်းနဲ့ပတ်သက်ရင် ဘာမှမလုပ်နိုင်ခဲ့တဲ့ကောင်။

မျက်လုံးများမှိတ်ကာ အိပ်ဖို့ကြိုးစားနေပေမယ့်လည်း လုံးဝအိပ်လို့မရပါ။ မနက်ဖြန် ကိုရီယားကို ပြန်တော့မယ်လို့ ဆုံးဖြတ်ပြီးတည်းက လူက စိတ်မောရင်မောဖြစ်နေသည်။

ဒီတစ်ခါပြန်ရင် နောက်ဘယ်တော့မှ ပြန်လာခွင့်ရတော့မှာမဟုတ်။ ရခဲ့ရင်တောင် ပြန်လာဖို့ မကြိုးစားချင်တော့။

သူ့အနားမှာဆက်နေရင် လူက နာကျင်ခံစားရလွန်းလို့ လုံးပါးပါးတော့မှာ အသေချာ။ ကိုရီးယားကို ပြန်ရောက်ရင်လည်း စိတ်မပါတဲ့မင်္ဂလာပွဲက လုပ်ရဦးမည်။

ဘဝက အခုမှ စုတ်လည်းစူး စားလည်းရူး ..။

နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်အချို့ကို ပြန်သပ်တင်ပေးပြီး သူ့ကို မြတ်မြတ်နိုးနိုးကြည့်နေမိတုန်း သူ့ရဲ့မျက်ခုံးနှစ်ဖက်က ရုတ်တရပ်တွန့်ချိုးသွားသည်။

သူ့ရဲ့ခေါင်းဟာ တဆတ်ဆတ်လှုပ်နေခဲ့ရာမှ အပြင်းအထန် ဘယ်ညာရမ်းခါလာခဲ့သည်။

"Tae ?"

သူ့ပုံစံက အိပ်မက်ဆိုးတစ်ခုခုမက်နေတဲ့ပုံမို့ သူ့နာမည်လေးကို ခပ်တိုးတိုးခေါ်လိုက်ပေမယ့် သူက မနိုးလာပဲ မျက်ခုံးများတွန့်ချိုးသထက်ချိုးလာကာ မျက်နှာမှာ ချွေးတွေတောင် စို့လာတဲ့အထိဖြစ်လာသည်။

Play Me A MemoryWhere stories live. Discover now