Part - 8

10.7K 1.1K 44
                                    

Unicode

"Hello Kim Vante  ... ထပ်တွေ့ပြန်ပြီပဲ"

ရဲစခန်းထဲသို့ စဝင်လိုက်တာနဲ့ ရဲအရာရှိက သူ့ကို လှမ်းနှုတ်ဆက်သည်။

သူက မချိုမချဉ်ရုပ်ဖြင့် ခုံမှာ ဝင်ထိုင်လိုက်ပြီး နှုတ်ဆက်တဲ့ရဲရဲ့ မျက်နှာကို သေချာစိုက်ကြည့်လိုက်ကာ

"ဆေးလိပ်သောက်ချင်တယ် .. အပေါစားတွေ မသောက်တာမို့ တံဆိပ်ကောင်းကောင်းထဲက ပေး .. ပူရှိန်းပါတာလေးပေါ့"

သူ့စကားကြောင့် ရဲအရာရှိမျက်နှာတည်သွားသည်။

"မင်းကိုယ်မင်း ဘာထင်နေလဲ"

သူက နှုတ်ခမ်းကို စုချွန်လိုက်ပြီး မျက်လုံးထောင့်ကပ်ကာ စဉ်းစားသလိုပုံလုပ်လိုက်ပြီး

"အင်း .. ခင်ဗျားတို့ ဘယ်တော့မှ မနိုင်တဲ့ကောင်လို့ ထင်တယ်"

ရဲအရာရှိရဲ့မျက်နှာက ပိုတည်သထက်တည်သွားပေမယ့် သူ့ရဲ့ မျက်နှာအမူအယာကတော့ လုံးဝ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့အချိုး။

"ဒီမှာ Vante .. မင်းအဖေရဲ့အရှိန်ကိုမှီပြီး ငါတို့ကို ဂရုမစိုက်သလို လာမချိုးနဲ့ .. မင်းဟာမင်း ဘာကောင်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး"

သူက တစ်ချက်ပြုံးလိုက်သည်။

"ကျုပ်ကလဲ ခင်ဗျားဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတာ သိတယ်မလား ? ခင်ဗျားကိုမှ မဟုတ်ဘူး .. ဒီစခန်းတစ်ခုလုံးကကောင်တွေကိုလဲ ဂရုမစိုက်ဘူး။ ကုန်ကုန်ပြောရရင် ခင်ဗျားရဲ့ဂရုမစိုက်ဘူးဆိုတာကိုပါ ကျုပ်က လုံးဝကို စောက်ဂရုမစိုက်ဘူး !!"

သူ့ရဲ့စကားတွေကြောင့် ရဲအရာရှိတွေတင်မက စခန်းထဲမှာရှိတဲ့ တခြားရဲတွေကပါ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

ခံစားချက်က သိပ်မကောင်းတော့။ အကုန်လုံးရဲ့ရုပ်တွေက သူ့ကို ဝိုင်းကြိတ်ချင်နေတဲ့ရုပ်တွေ။

ကိုယ့်မှာ သူ့ကောင်းမှုကြောင့် ဘဝမှာ တစ်ခါမှ မရောက်ခဲ့ဖူးသော ရဲစခန်းဆိုတဲ့နေရာကြီးကို ရောက်လာရတဲ့အပြင် အခု သူ့ရဲ့မချေမငံပြောဆိုမှုတွေကြောင့် လူက ဖျားချင်လာသလိုလို။

Play Me A MemoryWhere stories live. Discover now