Special Episode

15.6K 1.3K 181
                                    

Unicode

ခမ်းနားတဲ့အခင်းအကျင်းတွေဖြင့် သေချာပြင်ဆင်ထားတဲ့ ဘုရားကျောင်း။

မြင်လိုက်တာနဲ့ မင်္ဂလာပွဲမှန်း သိသာနေသလို ဂုဏ်သရေရှိ အထက်တန်းလွှာဧည့်သည်တွေဟာလည်း ရောက်ရှိနေပြီဖြစ်သည်။

ပွဲမစခင်မှာ ပီယာနိုငြိမ့်ငြိမ့်လေး တီးနေသူကတီး ကောင်းချီးပေးဖို့ ဖာသာကလည်း ပြင်ဆင်စရာရှိတာပြင်ဆင်နေပြီ။

အားလုံးက သူ့အစီအစဉ်နဲ့သူ ပွဲအတွက်အဆင်သင့်ဖြစ်နေချိန်မှာ ရတက်မအေးစွာ ပြာယာခတ်နေသူကတော့ ဂျောင်ဂုသာလျှင်။

"ဟားး ပွဲက စတော့မယ် ဘယ်ရောက်နေပါလိမ့်"

လူက ပူထူပြီး သူ့ကို အသည်းအသန်ရှာနေမိသည်။ ဘုရားကျောင်းအတွင်းရော အပြင်ရော နေရာအနှံကို ရှာပေမယ့် သူ့ကို ရှာမတွေ့။

"Jeon .. တွေ့ပြီလား"

Mr. Kim ရဲ့အမေးကို ခေါင်းခါပြလိုက်တော့

"ဘုရားကျောင်းအနောက်မှာရော ရှာပြီးပြီလား"

"အာ .. ဟုတ်သား အဲ့နေရာကျန်သေးတယ်"

ပြောပြောဆိုဆိုနဲ့ ပြေးထွက်လာခဲ့ပြီး ဘုရားကျောင်းအနောက်ကိုရောက်တော့ တွေ့ပါပြီ ကျွန်တော့်ရဲ့ နှစ်ယောက်မရှိသော Ultraviolet ..။

အနောက်တိုင်းဝတ်စုံအမဲကို သပ်သပ်ရပ်ရပ်ဝတ်စားထားပြီးမှ ဘုရားကျောင်းရဲ့နံရံကိုမှီပြီး စိမ်ပြေနပြေကို ဆေးလိပ်ထိုင်ဖွာနေသော သူ။

"ရှာလိုက်ရတာ Violet ရယ်"

အသံကြားတော့ သူက ဖျတ်ခနဲ မော့ကြည့်ပြီး စီးကရက်ညှပ်ထားသောလက်ဖြင့် နှာခေါင်းကိုတစ်ချက်ပွတ်လိုက်ရင်း

"လာမှာပေါ့ .. ငါ ထွက်မပြေးပါဘူး"

သူ့ ထုံးစံအတိုင်း အေးတိအေးစက် ထုံပေပေ ပြန်ပြောပြီး စီးကရက်ဆက်သောက်နေသည်။

ဘယ်အချိန်ထဲက ဒီမှာ ဆေးလိပ်လာသောက်နေလဲတော့မသိစွာ သူ ထိုင်နေတဲ့တဝိုက်မှာ ဆေးလိပ်တိုတွေက သုံး လေးခု။

ဘာကြောင့် ဒီလောက်ထိ စီးကရက်ကို ဆက်တိုက်တွေ သောက်နေလဲမသိ .. ဒီလိုကျတော့ စိတ်ပူရပြန်ပါပြီ။

Play Me A MemoryWhere stories live. Discover now