Intro

41.8K 1.8K 126
                                    

Unicode

University of Sydney .. ။

ကျောင်းထဲမဝင်သေးပဲ အပြင်ကနေ ကျောင်းအဝင် မုဒ်ဦးဝကို သဘောကျစွာ ဂျောင်ဂု ရပ်ကြည့်နေမိသည်။

အရမ်းကြီးကျယ်ခမ်းနားလွန်းစွာ တည်ရှိနေသော ကျောင်းကြီး။

ကျောင်းကဖွင့်နေတာ တစ်ပတ်လောက်တော့ ရှိပြီဖြစ်ပေမယ့် ကိုယ်က အခုမှ ကျောင်းကို ရောက်လာရခြင်းဖြစ်သည်။

အသက် ၁၇ နှစ်သာ ရှိသေးသော ဂျောင်ဂုအတွက် Australia ဆိုတာက သိပ်ကို စိမ်းလွန်းနေခဲ့သည်ပဲ။

သို့သော်လည်း ရည်မှန်းချက်ကြီးသူပီပီ အရင်တည်းက ဒီကျောင်းကို တက်ချင်လွန်းလို့ အသေအကြေကြိုးစားခဲ့တာ အခုတော့ စကော်လာဖြင့် ဒီကျောင်းကို တက်ခွင့်ရခဲ့ပြီပေါ့။

"သားလေး .. ဘာတွေငေးနေတာလဲ ဝင်တော့လေ"

မေမေက ဂျောင်ဂုရဲ့ပုခုံးကို ပုတ်ကာပြောမှ သတိပြန် ဝင်လာသည်။

"အော .. သဘောကျလို့ ကြည့်နေတာ"

မေမေက ပြုံးသည် .. ပြီးတော့ လက်လေးဆန့်တန်းပေးရင်း

"လာပါဦး .. မေမေ့သားလေးကို ၄ နှစ်လောက်လွမ်းနေရတော့မှာပဲ"

မေမေ့ရင်ခွင်ထဲကို အလိုက်သင့်ဝင်တိုးကာ ဖက်ထားမိသည်။

"သား .. စာကြိုးစားနော် ဖုန်းလဲမှန်မှန်ဆက် .. ပြီးတော့ ရန်တွေဘာတွေလဲ မဖြစ်နဲ့နော်"

မေမေက ကိုယ့်ရဲ့စိတ်ဆတ်တာကို သိသူမို့ အတန်တန်မှာသည်။

အမြဲရန်ဖြစ်ရမ်းကားနေတဲ့သူမဟုတ်သော်ငြားလည်း ကိုယ့်ကိုထိတာနဲ့ ချက်ချင်းတုံ့ပြန်ရမှ ကြိုက်သော ခေါင်းငုံ့မခံတတ်သောပုံစံမို့ မေမေက စိတ်ပူနေခြင်းသာ။

"ကြားလားလို့ .. တော်ရုံဆို သည်းခံပြီး ရှောင်သွားလိုက် .. ကိုယ်က ဒီမှာ တစ်ယောက်တည်းရယ်"

"ဟုတ်ကဲ့ပါ မေမေရဲ့"

မေမေပြီးတော့ ဂျောင်ဂုရဲ့ချစ်သူတဖြစ်လဲ အိမ်က သဘောတူထားတဲ့ ဟိုရီ ..။

သူမက ကိုယ့်ထက် ငယ်တာမို့ ကိုရီးယားမှာ အထက်တန်းတက်နေတုန်းပဲ ရှိသေးသည်။ အဲ့ဒါမို့ ကိုယ်နဲ့ တက္ကသိုလ်အတူလိုက်တက်ခွင့်မရ။

Play Me A MemoryWhere stories live. Discover now