Part - 15

11K 1.1K 62
                                    

Unicode

အိမ်အသစ်က ကျောင်းနဲ့သိပ်မဝေးပေမယ့် ရပ်ကွက်တစ်ခုစာ အကွာအဝေးမို့ အရင်တည်းက ဝယ်ထားခဲ့တဲ့ စက်ဘီးနဲ့ပဲ ကျောင်းသို့ သွားရန်ဆုံးဖြတ်ထားသည်။

ခုထိ စိတ်ဆိုးနေသေးကာ စကားမပြောသော မေမေက ကျောင်းမသွားခင်စားဖို့ မနက်စာတော့ ဂျောင်ဂုအတွက် လုပ်ပေးထားသည်။

မေမေလုပ်ပေးတဲ့မနက်စာကိုစား မေမေ့ကို ခပ်တိုးတိုးနှုတ်ဆက်ပြီး ခြံထဲကနေ စက်ဘီးလေးတွန်းကာ ကျောင်းသို့ထွက်လာခဲ့သည်။

အိမ်အနီးနားက လမ်းချိုးတစ်ခုရောက်တော့

"ဟိတ်"

လှည့်ကြည့်လိုက်တော့ သစ်ပင်အကြီးကြီးတစ်ပင်အောက်မှာ ဆိုင်ကယ်ထိုးရပ်ထားပြီး စီးကရက်သောက်နေသော သူ။

"ဟင် .. Violet "

သူ ဘယ်ကိုလာမှန်းမသိပေမယ့် အိမ်နားမှာ သူ့ကို စောစောစီးစီးတွေ့လိုက်ရတော့ အံ့ဩသွားမိသည်။

သူက ပြုံးပြပြီး ကိုယ့်ဆီလျှောက်လာသည်။

"ဘယ်ကို လာတာလဲ Tae "

"မင်းဆီကိုလေ"

"ငါ့ဆီက်ို ? ဘာလို့လဲ ?"

"ကျောင်းအတူသွားချင်လို့"

သူက ရှက်သလိုလို ချစ်စဖွယ်ပြန်ပြောသည်။

သူ့အိမ်နဲ့ ကိုယ့်အိမ်က တော်တော်လေးလှမ်းတယ်လို့ ပြောရမည်။ ကားနဲ့ဆို မိနစ် ၂၀ လောက် စီးရမယ့်အကွာအဝေးကို ကျောင်းအတူသွားချင်တာ တစ်ခုတည်းနဲ့ မနက်စောစော လာစောင့်နေခဲ့တာလား ?

ဟုတ်မဟုတ်တော့ မသိပေမယ့် ကိုယ့်အတွေးနဲ့က်ိုယ် ကြိတ်ကျေနပ်သွားသည်။

"သွားမယ်လေ .. ဒါဆို ငါ အိမ်မှာ စက်ဘီးပြန်ထားလိုက်မယ် .. မင်း ဆိုင်ကယ်နဲ့သွား .."

"မထားနဲ့ .. စက်ဘီးနဲ့ပဲ သွားမယ်"

သူက ပြောပြောဆိုဆိုဖြင့် စက်ဘီးအနောက်ခုံမှာ နောက်ပြန်ဝင်ထိုင်သည်။

သူများလို အတည့်မထိုင်တော့ သူရယ် ကိုယ်ရယ်က ကျောချင်းကပ်အနေအထား ဖြစ်သွားသည်။

Play Me A MemoryWhere stories live. Discover now