Unicode
သူ့ကို ပြန်ရှာတွေ့ခဲ့ပြီး Harbour တံတားမှာ သူနဲ့ လမ်းခွဲခဲ့ပြီး နောက်ရက်တွေမှာ ဂျောင်ဂု ကိုယ်ယောင်ဖျောက်ကာ ဟိုတယ်ခန်းပဲ အောင်းနေခဲ့လိုက်သည်။
ကိုယ်တည်းတဲ့နေရာရော ကိုယ့်ဖုန်းနံပါတ်ကိုရော သူ မသိဘူးဆိုတော့ ကိုယ့်ကို သူ တွေ့ချင်တယ်ဆိုရင် ရှာပေါ့ ..။
ဒီလိုလုပ်တာ နည်းနည်းတော့ စွန့်စားရာကျတာတော့ အမှန်ပင်။
Sydney မှာ ဂျောင်ဂု ရှိနေတယ်ဆိုတာ သူ သိသွားပြီဆိုတော့ သူသာ တကယ်လို့ တွေ့ချင်ခဲ့မယ်ဆိုရင် သူ သေချာပေါက် ကိုယ့်ကို လိုက်ရှာမှာပဲလေ။
တကယ်လို့ သူသာ ကိုယ့်ကို ဘယ်လိုမှ သဘောမထားခဲ့ဘူးဆိုရင်တော့လည်း နောက်တစ်မျိုး စဉ်းစားရမှာပဲပေါ့ ..။
ဒုတိယအဆင့်အနေနဲ့ ပေါ့ပေါ့ပါးပါး Mission လေး လုပ်ထားတာဆိုပေမယ့် ဒီ mission ရဲ့ result ကို အသည်းအသန်သိချင်တာတော့ ဝန်ခံမိသည်။
ဘာလို့လဲဆိုတော့ ဒီ mission က သူ့ရဲ့ကိုယ့်အပေါ်ထားတဲ့စိတ်နဲ့ သက်ဆိုင်တယ်မလား ?
သူ့စိတ်ကို တိတိကျကျ သိချင်လို့ကို Harbour တံတားက ပြန်လာတည်းက သူ့ကို လိုက်လည်းမပို့ခိုင်း ဖုန်းနံပါတ်လည်း မပေးပဲ ထားခဲ့လိုက်တာ။
နေတဲ့နေရာနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်က်ို သိနေရင် အလွယ်တကူ သူ ကိုယ့်ကိုဆက်သွယ်နိုင်တယ်ဆိုတော့ အရင်လိုပဲ ပျင်းလို့ အိပ်မပျော်လို့ဆိုတာတွေနဲ့ပဲ ရောက်ချင်ရောက်လာခဲ့မှာ ..။
အခုလို ဘာမှမသိတဲ့အနေအထားမျိုးရှိတာတောင် သူ ရအောင်လိုက်ရှာပြီး ရောက်ချလာတယ်ဆိုရင် တကယ်ကို သူ တွေ့ချင်လို့ပဲပေါ့ ..။
ကိုယ့်ကိုကိုယ် အပိုင်တွက်တာမျိုးတော့မဟုတ်။
Kim Vante က စိတ်မပါရင် လေတောင်မချွန်တတ်တဲ့လူစားမျိုးဆိုတာ သိပြီးသားမို့ ..။
သူ့ကို စောင့်ရတာ ရင်တော့ ခုန်ရသားပဲ ..။
တစ်ပတ်ကျော်လောက်ထိ သူ ရောက်မလာခဲ့တဲ့အချိန်မှာတော့ ဂျောင်ဂု အနည်းငယ် စိတ်တွေယောက်ယက်ခတ်လာခဲ့ပြီ ဖြစ်သည်။
YOU ARE READING
Play Me A Memory
FanficJungkook x Taehyung // Drama // Started Date - March 4 2022 Ended Date - May 15 2022