REPLY-1

2.4K 102 0
                                    

"လီဆာရေ လာလီဆာ"
"ရားး ငါခေါ်နေတာမကြားဘူးလား‌ေဒါ်‌ေဒါ်ကအောက်ဆင်းခဲ့ဦးတဲ့နင့်ကိုပြောစရာရှိလို့တဲ့"

"အင်း ငါလာခဲ့မယ်"

"ဒါနဲ့ နင်အဲ့စာအုပ်ကိုဘယ်နှစ်ခါဖတ်မှာလဲငါမြင်ရတာမျက်စိ‌နှောက်‌လာပြီ"လို့အော်ပြီးတော့ပဲရိုချယ်ဆင်းလာခဲ့တော့သည်

ကျန်ခဲ့တဲ့လီဆာကတော့

'သူပြောလဲပြောချင်စရာပဲလေ ကျမဒီစာအုပ်ကိုဖတ်တာဒါနဲ့ဆို10ခါမကတော့ဘူးဒါမဲ့ခုချိန်ထိကျမသိချင်တဲ့အဖြေကိုမရသေးဘူး

ဒီစာအုပ်နာမည်က"ပရမ်ပရီယာမာနိုဘန်"တဲ့လွန်ခဲ့တဲ့နှစ်20လောက်ကဖြစ်ရပ်မှန်ကိုရှေးစာတွေသမိုင်းတွေကိုကိုးကားပြီးဒီစာအုပ်ကိုထုတ်ထားတာ
စာအုပ်လေးကဖတ်ကောင်းပါတယ်ဒါမဲ့အဆုံးသတ်ကတော့ပျော်စရာမကောင်းဘူး ရှေးစာတွေ သမိုင်းတွေနဲ့ဒီစာအုပ်မှာပါတဲ့ဇာတ်သိမ်းကတော့ထိုင်းနိုင်ငံကဘုရင်မကြီးရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ နန်းတက်မင်းသမီးပရမ်ပရီယာမာနိုဘန်ဟာသူမရဲ့မိခင်ကိုသတ်ဖို့ကြံရွယ်တဲ့သူကိုကယ်လို့ သူကသေဒဏ်ပေးခံရပြီးအသက်ဆုံးရှုံးသွားရတယ်တဲ့လေဒါကြောင့်အဲ့မင်းသမီးကိုလူတွေခေါ်ကြတာက"မိုက်မဲလှတဲ့မင်းသမီး"တဲ့

အဲ့မှာကျမသိချင်တဲ့အချက်က ကင်ဂျန်းနီဆိုတဲ့အမျိုးသမီးကဘာလို့သူမရဲ့မိခင်ကိုသတ်ဖို့ကြံရွယ်ရတာလဲ?
နောက်ပြီးဘာလို့မင်းသမီးကရောသူ့မိခင်ကို‌ေတာင်သတ်ဖို့လုပ်တဲ့သူဖြစ်တဲ့ကင်ဂျန်းနီကိုကယ်ရတာလဲ?

ဒီအချက်နှစ်ချက်ကိုကျမခုထိအဖြေရှာမရတာပါပဲ'

"သမီးလီဆာ"

"ဟုတ်မေမေ"

"ညနေ ရှေးဟောင်းပစ္စည်း‌ဆိုင်ကိုမေမေသွားမလို့အဲ့တာသမီး‌အဖော်လိုက်ခဲ့ပါ့လား"

"ရိုချယ့်ကိုမခေါ်သွားဖူးလားမေမေကလည်း"

"ဟဲ့မှန်ကြောင်ငါညနေ သွားစရာရှိလို့ဒေါ်ဒေါ်နဲ့မလိုက်ပေးနိုင်တာနင်လိုက်သွားရမှာပေါ့ဒေါ်ဒေါ်ကနင့်အမေနော်"

"အေးပါဟ နင်ကလည်း"

'ရိုချယ်ဆိုတာလီဆာသူငယ်ချင်းပေါ့သူကကိုရီးယား/ဩစတျေးလျကပြားလေလီဆာသြစ‌ေတျးလျမှာ‌ေကျာင်းသွားတက်တုန်းကသူနဲ့ဆံုတာ
ခုသူကထိုင်းမှာအလုပ်ရှိလို့လီဆာတို့အိမ်မှာနေနေတာလေသူလည်းလီဆာလိုပဲ‌ေမွးကတည်းကအဖေမရ‌ှိဘူး'

REPLY (Complete)Where stories live. Discover now